ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် NLD ပါတီဝင်များတွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် NLD ပါတီဝင်များတွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၂၁ ။          ။ ကျူးကျော်များ၏ ဘဝကိုမြှင့်တင်ရန် အပါအဝင် မြို့သစ်စီမံကိန်းကိစ္စများ၊ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်များ နှင့် လူနေမှုမြှင့်တင်ရေး ကိစ္စများအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တိုင်း/ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယနေ့ (ဇူလိုင် ၂၁) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဂုံတိုင်တွင်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

၀န်ကြီးချုပ်အနေဖြင့် ရန်ကုန်တိုင်းအစိုးရ၏ရှေ့ဆက်လုပ်ငန်းစဉ်များဖြစ်သည့် မြို့သစ်စီမံကိန်းကိစ္စများ၊ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်များနှင့် လူနေမှုမြှင့်တင်ရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့သည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် အလုပ်အမှုဆောင် ဦးသန်းထိုက်အောင်က ပြောသည်။

ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းအစိုးရအဖွဲ့ဝင်များဖြစ်သည့် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဥ္ဇာမျိုး၊ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင် အလုပ်အမှုဆောင် ဦးသန်းထိုက်အောင်က "တိုင်းဒေသကြီး ၀န်ကြီးချုပ်ကနေပြီးတော့ ပါတီကို ပြန်ပြီး အစီရင်ခံတာ။ အရင်တုန်းကဘာတွေလုပ်ခဲ့တယ် နောက်မှာ ဘာတွေလုပ်မှာဆိုတာပြောပြတာပေါ့။ အစိုးရအဖွဲ့အနေနဲ့ အစီရင်ခံတာပေါ့" ဟုပြောဆိုသည်။

" မြို့ပြစီမံကိန်းတွေအကောင်အထည်ဖော်မယ်။ နောက်ပြီး ရန်ကုန်မြို့မှာရှိနေတဲ့ ကျူးကျော်ကိစ္စတွေပေါ့။ ကျူးကျော်တွေရဲ့ သူတို့ ဘဝကိုမြှင့်တင်ဖို့ဆောင်ရွက်ချက်တွေပါတယ် " ဟု ၄င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required