ယာဉ်​​နောက်​လိုက်​များအတွက်​ ယာဉ်မောင်းလုပ်ရန်အပြင် အခွင်​့အလမ်​းများစွာရှိ​နေဟု ဆို

ယာဉ်​​နောက်​လိုက်​များအတွက်​ ယာဉ်မောင်းလုပ်ရန်အပြင် အခွင်​့အလမ်​းများစွာရှိ​နေဟု ဆို

ရန်​ကုန်​၊ဇူလိုင်​၂၁ ။           ။ ယာဉ်​​နောက်​လိုက်​များအနေဖြင့် ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခြင်းအပါအဝင် တခြား​သောအလုပ်​ကိုင်​အခွင်​့အ လမ်​းများစွာရှိ​ကြောင်​း ​ဟု ရန်​ကုန်​တိုင်​း​ဒေသကြီး​သယ်​ယူပို့​ဆောင်​​ရေးကြီးကြပ်​မှုအာဏာပိုင်​ အဖွဲ့မှ ​ဒေါက်​တာ​မောင်​​​အောင်​က​ပြောသည်​။

"လက်​မှတ်​​စနစ်​​တွေ ဖြစ်​လာရင်​ ​နောက်​ဆုံးလက်​မှတ်​​ရောင်​းတာ ​ငွေအ​ကြွေလဲတာ ကား​အောက်​မှာ လုပ်​ရမယ်​့ အလုပ်​​တွေ​ပေါ့​နော်​ ။ အခုဆိုသန်​့ရှင်​း​ရေးပိုင်​း ၊ ကုမ္ပဏီက ကားအသစ်​​တွေဖြစ်​​တော့ ဒါမျိုး​တွေလုပ်​ရမှာ။ တချို့စပယ်​ယာ​တွေက ကား​မောင်​းတတ်တယ်​​ပေါ့​နော်​။ ခ လိုင်​စင်​ရှိရင်​ ကျွန်​​တော်​တို့ Training လာတက်​​ပေါ့ ​။ နောက်​ပိုင်​းကားအသစ်​​တွေ ​မောင်​းခွင်​့​ပေးမှာပါ"ဟု ရန်​ကုန်​တိုင်​း​ဒေသကြီး​သယ်​ယူပို့​ဆောင်​​ရေးကြီးကြပ်​မှုအာဏာပိုင်​ အဖွဲ့မှ ​ဒေါက်​တာ​မောင်​​​အောင်​က​ဆိုသည်​။

သို့ရာတွင် ယခင်​စိတ်​​ဓာတ်​မျိုးနဲ့ အလုပ်​ လုပ်​ကိုင်​လျှင်​ ပြန်​လည်​လက်​ခံမည်​ မဟုတ်​​ကြောင်​း ​ပြည်​သူ့ ဝန်​​ဆောင်​မှု​ပေးမည်​ဟု သ​ဘောထားသင်​့​ကြောင်​း ဒေါက်​တာ​မောင်​​အောင်​က ဆိုသည်​။

ယာဉ်နောက်လိုက်များအနေဖြင့် ကားမောင်းသင်ခြင်း၊ လိုင်းတွင် ၀န်ထမ်းအဖြစ် လုပ်ကိုင်ခြင်း၊ ၀န်ဆောင်မှုပေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ရန် မေးမြန်းကြောင်း Power Eleven အများပိုင်​ကုမ္ပဏီမှ ယာဉ်​လိုင်​း ပိုင်​ရှင်​ ကိုတရုတ်​​လေးက ​ပြောသည်။

"သူတို့လုပ်​ကိုင်​​နေတဲ့ယာဉ်​လိုင်​း​တွေရဲ့ စီမံခန်​့ခွဲမှုအ​ပေါ်မှာမူတည်​တယ်​ ။ ကျွန်တော်တို့ လိုင်​း မှာဆိုရင်​ ယာဉ်​​နောက်​လိုက်​က​တော့ အများကြီး​တော့မရှိဘူး ။ ၆ ယောက်​ပဲရှိတယ်​ ​။ ခေါ်ပြီး​ဆွေး​နွေးတယ်​။ တစ်​အချက်​ ကား​မောင်​းသင်​မလား။ နှစ်​အချက်​ လိုင်​း​တွေမှာဝန်​ထမ်​းအ​နေနဲ့လုပ်​မလား။ သုံးအချက်​ဝန်​​ဆောင်​မှု​ပေးတဲ့ဝန်​ထမ်​း​တွေလုပ်​မလား စပယ်​ယာဆိုတာ​တော့​ ဖျောက်​ကို​ဖျောက်​ရမှာ"ဟု Power Eleven အများပိုင်​ကုမ္ပဏီမှ ယာဉ်​လိုင်​းပိုင်​ရှင်​ ကိုတရုတ်​​လေးက​ ပြောသည်​။

ယမန်နေ့ ဇူလိုင်လ ၂၀ ရက်၊ မနက် ၈ နာရီခန့်မှစတင်ကာ YBS ၂၃၊ YBS  ၆၊ YBS  ၄၀၊ YBS  ၃၉၊ YBS  ရ၉၊ YBS  ၄၂ စုစုပေါင်း ယာဉ်လိုင်း ၆ ခု ခန့်မှ ယာဉ်နောက်လိုက်များကို အလုပ်ပြန်ခန့်ထားပေး ရန် ယာဉ်​​လုပ်​သား အင်​အား၄၀၀ ခန်​့ ​ ရွှေပြည်​သာမြို့နယ်​၊ ယာဉ်​လိုင်​းအမှတ်​(၄၀)ကားဂိတ်​၌ ဆန္ဒထုတ်​​ဖော်​ခဲ့ကြသည်​။

"စပယ်​ယာမပါတာကိုကြိုက်​တယ်​ တစ်အချက်​က စပယ်​ယာ​တွေခိုးလို့ ကုန်​ကျစရိတ်​​တွေ​လျော့သွားမယ်​ နှစ်​အချက်​ကစပယ်​ယာနဲခရီးသည်​ပြဿနာမရှိ​တော့ဘူး ဒါက​ကောင်​းတဲ့အချက်​"ဟု YBS စီးနင်​းသူ အငြိမ်​းစားအင်​ဂျင်​နီယာတစ်​ဦးက ဆိုသည်​။

ဇူလိုင်​လ ၂၀​ရက် နောက်​ဆုံးထားပြီး ယာဉ်​​နောက်​လိုက်​ မပါဝင်​​စေဘဲ ပုံးစနစ်​ဖြင်​့ သာ ယာဉ်​စီးခ​ကောက်​ခံရန်​ YRTAက ဇူလိုင်​၁၅ရက်​​နေ့၌ ညွှန်​ကြားခဲ့ပြီး ပုံတပ်ဆင်မှု မပြီးသေးသောကြောင့် အချို့ယာဉ်လိုင်းများက ယာဉ်နောက်လိုက်များ ပါရှိနေဆဲဖြစ်ကာ YRTA မှ ဇူလိုင်လကုန်နောက်ဆုံးဟု ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required