ဧရာဝတီမြစ်ရေတက်သဖြင့် မကွေးတိုင်းရှိ လူ သုံးသောင်းနီးပါး ရေဘေးရှောင်နေရ

ဧရာဝတီမြစ်ရေတက်သဖြင့် မကွေးတိုင်းရှိ လူ သုံးသောင်းနီးပါး ရေဘေးရှောင်နေရ

မကွေး၊ ဇူလိုင် ၂၁ ။                        ။ ဧရာဝတီမြစ်ရေကြီး၍ မကွေးတိုင်းဒေသကြီးအတွင်းရှိလူဦးရေ ၂၉၀၀၀ ကျော် ရေဘေးရှောင်နေရသည်ဟု မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။

မြစ်ရေကြီး၍ မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ်(၆)မြို့နယ်မှ အိမ်ထောင်စု (၇၃၇၅) အိမ်ထောင်စု၊ လူဦးရေ(၂၉၀၀၉)ဦး ရေဘေးသင့်၍ ဘေးလွတ်ရာကို ရှောင်နေရသည်ဟု တိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။

အဆိုပါမြို့နယ်များမှာ မကွေးမြို့နယ်မှ အိမ်ထောင်စု(၁၈၇) အိမ်ထောင်စု၊လူဦးရေ(၆၄၀)ဦး၊ချောက်မြို့နယ်မှ အိမ်ထောင်စု(၂၁၉၈)၊အိမ်ထောင်စု လူဦးရေ(၃၈၃၄)ဦး၊ရေစကြိုမြို့နယ်မှအိမ်ထောင်စု (၃၅၁၄) အိမ်ထောင်စု၊ လူဦးရေ(၁၃၈၆၇)ဦး၊ပခုက္ကူ မြို့နယ်တွင် အိမ်ထောင်စု (၂၈၇၄)အိမ်ထောင်စု၊လူဦးရေ(၁၁၄၄၆)ဦး၊ မင်းဘူးမြို့နယ်တွင် အိမ်ထောင်စု(၅၈၃) အိမ်ထောင်စု၊လူဦးရေ  (၂၁၅၉) ဦး၊ဆိပ်ဖြူ မြို့နယ်တွင် အိမ်ထောင်စု(၁၉)အိမ်ထောင်စု၊လူဦးရေ(၈၃)ဦး ရှိသည်ဟု သိရသည်။

ယင်းရေဘေးသင့် ပြည်သူများသည် ၎င်းဒေသရှိ ဘုန်းကြီးကျောင်းများ၊လမ်းမဘေးများ နှင့်ရေဘေးလွတ်ရာ ကုန်မြင့်များတွင် ရေဘေးရှောင် နေထိုင်ကြကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့်ပြန်လယ်နေရာချထားရေးဦးစီးဌာနမှ လူတစ်ဦီး (၇)ရက်စာ ဆန်ဘိုးငွေ နှစ်ထောင်နှစ်ရာကျပ်နှုန်းဖြင့် စုစုပေါင်းငွေ ငါးရာရှစ်ဆယ်တစ်သိန်း ခြောက်သောင်းငါးထောင်နှစ်ရာကျပ် ထောက်ပ့ံပေးခဲ့ကြောင်း ညွှန်မှူးဦးမြင့်စိုးထံက သိရသည်။

၎င်းမှဆက်လက်၍ ရေဘေးသင့်ပြည်သူတွေက ထမင်း၊ ဟင်းချက်စရာ ထမင်းအိုး၊ ဟင်းအိုးတွေ ရေဘေးရှောင်တဲ့နေရာ ပါလာတယ်။ သူတို့စားသောက်ဖို့ ဆန်လိုအပ်တဲ့အတွက် တစ်ပတ်စာ ဆန်ဖိုးငွေကို ဇူလိုင် ၁၇ရက်နေ့မှ စတင်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ မြို့နယ်တွေကိုလိုက်ပြီး ထောက်ပ့ံပေးနေပါတယ်ဟုပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly