ဆာဆူအိုလိုအသင်းမှ ဒီဖရဲလ်ကို ခေါ်ယူစာချုပ်ခဲ့ကြောင်း ရိုးမား အတည်ပြု

ဆာဆူအိုလိုအသင်းမှ ဒီဖရဲလ်ကို ခေါ်ယူစာချုပ်ခဲ့ကြောင်း ရိုးမား အတည်ပြု
(ဓာတ်ပုံ - ရိုးမား)

ရိုးမားအသင်းဟာ ဆာဆူအိုလိုရဲ့ ပြင်သစ်တိုက်စစ်မှူး ဂျီဂွာရီ ဒီဖရဲလ်ကို ကနဦး အငှား စာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း ကြာသပတေးနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ဆာဆူအိုလိုအတွက် ၁၁ ဂိုးသွင်းခဲ့သူ ဒီဖရဲလ်ဟာ ရိုးမားအသင်းနဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်ထိ သက်တမ်းရှိ ၅ နှစ် စာချုပ်ခဲ့ပါတယ်။

"အသက် ၂၆ နှစ် ပြင်သစ်တိုက်စစ်မှူးဟာ ကနဦး အငှားပြောင်းရွှေ့ကြေးအတွက် ယူရို ၅ သန်းပေးမှာဖြစ်ပြီး အငှားလာရောက် ကစားစဉ်အတွင်း အခြေအနေများနှင့် ကိုက်ညီပါက အပြီးသတ် ပြောင်းရွှေးကြေး ယူရို ၁၅ သန်းနဲ့ ချုပ်ဆိုသွားမည့်အပြင် စွမ်းဆောင်ရည်ပေါ်မူတည်ပြီး အပိုဆုကြေး ၃ သန်းကိုလည်း ထပ်မံထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။"လို့ ရိုးမားအသင်းက ၎င်းတို့အသင်းပိုင် ဝက်ဘ်ဆိုင်မှာ ပြောပါတယ်။

ဒါ့ကြောင့် ဆာဆူအိုလိုရဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်းမှာ ယူရို ၂၃ သန်းအထိ ရှိလာမှာဖြစ်ပြီး ကစားသမားဟာ ရိုးမားအသင်းမှာ တစ်နှစ်ယူရို ၁.၅ သန်း ရရှိသွားမှာဖြစ်ပါတယ်။

ဆာဆူအိုလိုဟာ ရိုးမားအသင်းရဲ့ ဒီနွေရာသီအပြောင်းအရွှေ့မှာ ၆ ဦးမြောက် ခေါ်ယူတဲ့ ကစားသမားဖြစ်ပါတယ်။

Ref; EFE_EPA, Roma

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required