အိန္ဒိယ၊ ထိုင်းနှင့် မြန်မာသုံးနိုင်ငံ ကားဖြတ်သန်းခွင့်ဆိုင်ရာ သဘောတူညီမှု ချုပ်ဆိုမည်

အိန္ဒိယ၊ ထိုင်းနှင့် မြန်မာသုံးနိုင်ငံ ကားဖြတ်သန်းခွင့်ဆိုင်ရာ သဘောတူညီမှု ချုပ်ဆိုမည်

အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့က သုံးနိုင်ငံအတွင်း ခရီးသည်တင်ကား၊ ကိုယ်ပိုင်ကားနှင့် ကုန်တင်ကားများ နယ်စပ်ဖြတ်သန်းခွင့်ဆိုင်ရာ စည်းကမ်းသတ်မှတ်မှုများနှင့် ဖြတ်သန်းသွား လာခွင့်များနှင့် ပတ်သက်သည့်  Motor Vehicles Agreement (MVA) ကားဖြတ်သန်းခွင့်ဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးဖွယ်ရှိသည်။

အဆိုပါ သုံးနိုင်ငံသဘောတူညီမှုအတွက် နိုင်ငံအသီးသီးက ပြည်တွင်းလုပ်ငန်းစဉ်များကို အပြီးသတ် ရေးဆွဲထားပြီးလည်း ဖြစ်ဖွယ်ရှိသည်။

သဘောတူညီချက် ဖြစ်မြောက်လာပါက အိန္ဒိယ၊ ထိုင်းနှင့် မြန်မာသုံးနိုင်ငံတွင် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ကားများ အပြင် ကိုယ်ပိုင်ကားများပါ ဖြတ်သန်းသွားလာမှုအတွက် ပိုမိုလွယ်ကူအဆင်ပြေစေ မည်ဖြစ်သကဲ့သို့ အရှေ့တောင်အာရှ ကုန်သွယ်ကုန်စည်စီးဆင်းမှုများကို ပိုမိုမြှင့်တင်ပေးရာလည်း ရောက်မည်ဖြစ်သည်။

ယခုသတင်းနှင့် ပတ်သက်၍ အတည်ပြုပြောကြားသူမှာ အိန္ဒိယနိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့် အဝေးပြေးယာဉ်များ ဝန်ကြီး ပွန်ရာဒဟာခရစ်ရှန်နန်းကို Lok Sabha တွင် သြဂုတ် ၆ ရက်က တွေ့ဆုံမေးမြန်းရာတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နှင့် နီပေါနိုင်ငံတို့နှင့်လည်း လေးနိုင်ငံ နယ်စပ်ကားဖြတ်သန်းခွင့်ဆိုင်ရာ BBIN Motor Vehicles Agreement (MVA) သဘောတူညီမှုကို လက်မှတ်ရေးထိုးထားနိုင်ပြီးဖြစ်သည်။

အဆိုပါ သဘောတူညီမှုအရ ကုန်သွယ်ရေးကဏ္ဍအတွက် ကုန်ကျစရိတ်များ နည်းပါးစေကာ အချိန်ကုန်သက်သာစေမည်လည်းဖြစ်သည်။ ယင်းအပြင် နိုင်ငံများကြား ပြည်သူများထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်ရေးနှင့် ဒေသတွင်းရေးရာများ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်ပေးသွားနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required