ယာဉ်နောက်လိုက်များအား အလုပ်အကိုင်ခက်ခဲနေဟု ဆို

ယာဉ်နောက်လိုက်များအား အလုပ်အကိုင်ခက်ခဲနေဟု ဆို

ဇူလိုင်လ ၂၀ ။        ။ ယနေ့ ဇူလိုင်လ ၂၀ ရက်မှ စတင်ကာ ယာဉ်နောက်လိုက်များကို အနားပေးရန် YART မှ ကြေညာခဲ့ပြီးနောက် ယာဉ်နောက်လိုက်များက အလုပ်အကိုင် အခက်အခဲရှိကြောင်း ပြောခဲ့ကြသည်။

ယာဉ်နောက်လိုက်များ မပါရှိတော့ဘဲ  Cash Box (ပိုက်ဆံထည့်ပုံး)များကိုထားရှိသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) က ယနေ့ ဇူလိုင်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

"ယာဉ်​​နောက်​လိုက်​​တွေ မလိုက်​ရ​တော့ဘူးဆို​တော့ ​လော​လောဆယ်​ဘာအလုပ်​မှ မလုပ်​တတ်ဘူး။  ​ကျောင်​းထွက်​ပြီး ဒီအလုပ်​ကိုလုပ်​ခဲ့တာဆို​တော့ ဘာအလုပ်​မှ ဆက်​လုပ်​ဖို့မရှိ​တော့ဘူး​။ အိမ်​မှာပဲ​နေရ​တော့မယ်​ ။ ရှစ်​တန်​းကတည်​းက​ကျောင်​းထွက်​ပြီး ဒီအလုပ်​ကိို လုပ်​ခဲ့တာဆို​တော့"ယာဉ်​​နောက်​လိုက်​လုပ်​သက်​ ၃နှစ်​ရှိပြီဖြစ်​တဲ့ ယာဉ်​လိုင်​း၄၀မှ ကိုစိုးသီဟက​ ပြောသည်​။

ယနေ့ ဇူလိုင်လ ၂၀ ရက်၊ မနက် ၈နာရီခန့်မှစတင်ကာ YBS ၂၃၊ YBS  ၆၊ YBS  ၄၀၊ YBS  ၃၉၊ YBS  ရ၉၊ YBS  ၄၂ စုစုပေါင်း ယာဉ်လိုင်း ၆ ခုခန့်မှ ယာဉ်နောက်လိုက်များကို အလုပ်ပြန်ခန့်ထားပေးရန် ယာဉ်​​လုပ်​သား အင်​အား၄၀၀ ခန်​့ ​ ရွှေပြည်​သာမြို့နယ်​၊ ယာဉ်​လိုင်​းအမှတ်​(၄၀)ကားဂိတ်​၌ ဆန္ဒထုတ်​​ဖော်​ခဲ့ကြသည်​။

ဇူလိုင် ၂၀ ရက်တွင် Cash Box (ပိုက်ဆံထည့်ပုံး) တပ်ဆင်ကာ စပယ်ယာများအား ကားပေါ်တွင်မတင်တော့ကြောင်းကို ဇူလိုင် ၁၈ ရက်နေ့တွင် အသိပေးခဲ့ပြီး ယာဉ် မောင်း/ရောင်း များနှင့် တိုင်ပင်ဆွေးနွေးခြင်းလုံးဝမရှိခဲ့ကြောင်း ယာဉ်မောင်းသူများထံမှ သိရသည်။

"ပိုက်​ဆံပုံးတင်​တာ​တော့ ကျွန်​​တော်​မ​ပြောချင်​ပါဘူး ။ စပယ်​ယာနှစ်​​ယောက်​စလုံးကိုဖြုတ်​လိုက်​တယ်​ဆိုတာ​တော့ မဖြစ​်​​စေချင်​ဘူး​ပေါ့ဗျာ ။ ပိုက်​ဆံမကိုင်​နဲ့ဆို မကိုင်​ဘူး ။ ကားတစ်​စီးမှာစပယ်​ယာတစ်​​ယောက်​ရှိမှ အဆင်​​ပြေတာဗျ"ဟု ယာဉ်​လိုင်​းနံပါတ်​၄၀မှ ယာဉ်​​မောင်​း ဦးစိုး​နေမင်းကဆိုသည်​။

သက်​ကြီးရွယ်​အိုများ ယာဉ်​အတက်​အဆင်​းကူညီရန်​၊ နယ်​မှလာ​သောခရီးသည်​များအတွက်​ အထုတ်​အပိုးတင်​ချ​ပေးရန်​နှင်​့ မှတ်​တိုင်​မသိသူများရှိ​နေသည်​့အတွက်​ ယာဉ်​​နောက်​လိုက်​ထား​ပေးရန်​လိုအပ်​​ကြောင်​း ၎င်းယာဉ်မောင်းက ထပ်မံ ​ပြောသည်။

ယာဉ်နောက်လိုက်များကို အနားပေးလိုက်ခြင်းအေပေါ် ယာဉ်နောက်လိုက်အနေဖြင့်မဟုတ်ဘဲ အခြား အလုပ်ပြန်ခန့်စေချင်ကြောင်း ယာဉ်အကူတစ်ဦးက ပြောသည်။

"သူတို့အ​နေနဲ့ ပြန်​ခန်​့​ပေး​စေချင်​တယ်​ ။ ကား​ရေ​ဆေးတာပဲဖြစ်​ဖြစ်​ ၊ ကားဘီးဖြုတ်​တာတို့ အဲ့လိုမျိုးလစာ​ကောင်​း​ကောင်​းနည်​း​နည်​း​လေး​ပေါ့ အ​ခြေအ​နေ​ကောင်​းနိုင်​မယ့်​့လစာမျိုးဆို ပြန်​လုပ်​မှာပါ"ဟု YBS ယာဉ်နောက်လိုက်အဖြစ် လုပ်ပ်ကိုင်ခဲ့သူ ကိုစိုးသီဟက ပြောသည်။

ယာဉ်​လိုင်​းနံပါတ်​၄၀မှ ယာဉ်​လိုင်​းကြီးကြပ်​သူဦးလှိုင်​မြင်​့က ယာဉ်​​နောက်​လိုက်​ဖြုတ်​ခိုင်​းသည်​ထက်​ မလိုက်​ခိုင်​း​ရန်​ဖြစ်​သည်​့အတွက်​ ကုမ္ပဏီအ​နေဖြင်​့ တခြား​သော​နေရာများအတွက်​ ပြန်​လည်​ခန်​့ထား​ပေးရန်​အစီစဉ်​ရှိလိမ်​့မည်​ဟု ထင်မြင်ကြောင်း သူက ပြောသည်​။

လက်ရှိတွင် YUPT (ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး )မှ ယာဉ်နောက်လိုက်များအား ဇူလိုင်လ ၁၃ ရက်မှ စတင်ကာ ရုံးဆင်းရုံးတက်ချိန်များတွင် ကားမှတ်တိုင်များ၌ ငွေအကြွေလဲဝန်ထမ်းအဖြစ် ခန့်ထားခဲ့သည်။

ဝန်​ထမ်​းများကို တစ်​​နေ့ ၆​ထောင်​နှုန်​းထားဖြင်​့ YUPTကုမ္ပဏီမှ ၎င်းတို့ယာဉ်​​နောက်​လိုက်​များ အလုပ်​ကိုင်​ရရှိ​စေ​ရေးအတွက်​ ​ငွေ​ရေတွက်​သည်​့​နေရာများ၊ အ​ကြွေလဲလှယ်​​ပေးသည်​့​ နေရာများအတွက်​ ယခုလ ပထမပတ်​အတွင်​းတွင်​ ပြန်​လည်​ အလုပ်​​ခေါ်ယူခဲ့ခြင်းဖြစ်သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required