ဆေးခြောက်အမှုအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် BIGBANG အဖွဲ့ဝင် T.O.P

ဆေးခြောက်အမှုအတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် BIGBANG အဖွဲ့ဝင် T.O.P

နာမည်ကျော် တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ BIGBANG မှ အဖွဲ့ဝင်အဆိုတော် T.O.P သည် ဆေးခြောက် သုံးစွဲမှုအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ဇူလိုင်လ ၂၀ရက်နေ့တွင် ပြုလုပ်ခဲ့သော နောက်ဆုံးကြားနာစစ်ဆေးချက်တွင် တရားရုံးက “ တရားခံဟာ သူရင်ဆိုင်ရတဲ့ စွပ်စွဲချက်တွေအားလုံးကို ၀န်ခံခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ထင်ရှားပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပက်သက်တဲ့အမှုတွေဟာ သုံးစွဲသူရဲ့ ကျန်းမာရေးကို ထိခိုက်ယုံသာမက လူ့အသိုင်းအဝိုင်းတစ်ခုလုံးကိုလည်း ဆိုးဝါးတဲ့ထိခိုက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ အပြစ်ပေးခြင်းမှလွဲလို့ အခြားရွေးချယ်မှု မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

“ဒါပေမယ့်တရားခံဟာ အရင်ကကျူးလွန်ခဲ့တဲ့ မှုခင်းမှတ်တမ်းမရှိခြင်းနှင့် မိမိအပြစ်အတွက် နောင်တရနေတာ ကြောင့် သက်ညှာတဲ့အနေနဲ့ ပြစ်ဒဏ်ပေါ့လျော့ပေးဖို့ စဉ်းစားနေပါတယ်” ဟု တရားရုံးက ဆက်ပြောခဲ့သည်။

ထို့အတွက် တရားရုံးမှ T.O.P ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀လနှင့် ငွေဒဏ် ၁၂၀၀၀ ၀မ် ပေးချေရန် ပြစ်ဒဏ်ချမှတ်ကြောင်း ကြေညာခဲ့သည်။ ဆိုလိုရင်းမှာ T.O.P သည် ခံဝန်ချုပ်ဖြင့် ၂ နှစ်ခန့်နေရမည်ဖြစ်ပြီး အကယ်၍ ၂နှစ်အတွင်း ချိုးဖောက်မှုတစ်ခုခုရှိခဲ့ပါက ထောင်တွင်း၌ ၁၀လ တိတိ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required