နောက်ထပ် ကစားသမား သုံးလေးဦး ခေါ်ယူရန် ဂွာဒီယိုလာ မျှော်လင့်၊ အဂူရို အသင်းတွင် ဆက်ရှိမည်ဟုဆို

နောက်ထပ် ကစားသမား သုံးလေးဦး ခေါ်ယူရန် ဂွာဒီယိုလာ မျှော်လင့်၊ အဂူရို အသင်းတွင် ဆက်ရှိမည်ဟုဆို
(ဓာတ်ပုံ - အီးပီအေ)

မန်စီးတီးအသင်း နည်းပြ ဂွာဒီယိုလာက ၎င်းရဲ့အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နောက်ထပ် ကစားသမား ၃ဦး ဒါမှမဟုတ် ၄ ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။

စပိန်လူမျိုးနည်းပြက ဆာဂျီယိုအဂွဲရိုးဟာ စီးတီးအသင်းမှာ ဆက်လက်ရှိနေမှာဖြစ်ပြီး အီဟီနာချိုမှာ အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ ဟူစတန် ရာသီကြိုခြေစမ်းပွဲမှာ ရင်ဆိုင်ရမယ့် မန်ယူနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲ NRG ကွင်းမှာ ပြောပါတယ်။

"ကျနော်စိတ်ထဲမှာ လာမယ့် သုံးလေးငါးနှစ်အတွက် ကျနော် ကစားသမား ၃ ဦး သို့မဟုတ် ၄ ဦးနဲ့ စကားပြောဆိုနေပါတယ်။ သူတို့ဟာ ငယ်ရွယ်တဲ့ ကစားသမားတွေဖြစ်ပါတယ်။ ကျနောတို့ မြင်ရပါလိမ့်မယ်။"လို့ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက ပြောပါတယ်။

စီးတီးအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတဲ့ သတင်းတွေနှင့်အတူ ကောလာဟလ ထွက်ပေါ်နေပေမယ့် အသက် ၄၆ နှစ်ရှိ ဂွာဒီယိုလာက "သူဟာ ကျနော်တို့ရဲ့ ကစားသမားပါ။ သူဟာ အသင်းမှာ ဆက်ရှိနေပါလိမ့်မယ်။"လို့ ပြောပါတယ်။

ဒါပေမယ့် အသက် ၂၀ နှစ်ရှိ နိုင်ဂျီးရီးယား လူငယ်ကစားသမား အီဟီနာချိုဟာ အီဟတ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။

"မန်နေဂျာတစ်ယောက်အနေနဲ့ သူ့နဲ့ လက်တွဲအလုပ်လုပ်ရလို့ ဂုဏ်ယူပါတယ်။ သူ့ကို အခွင့်အရေး အများကြီး ကျနော် မပေးနိုင်ခဲ့ပါဘူး။ ဒါဟာ သူ့အတွက် လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ သူဟာ မန်ချက်စတာမှာ ရှိနေဖို့ ဆုံးဖြတ်ခဲ့ပြီး ဒါနဲ့ပတ်သက်ပြီး လာမယ့် သီတင်းပတ်အတွင်းမှာ သူဟာ ပြီးမြောက်ပါလိမ့်မယ်။"လို့ နည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required