ဂိုးသမား ဖော်စတာကို ဆောက်သမ်တန်အသင်း (၅)နှစ် သက်တမ်းတိုး စာချုပ်

ဂိုးသမား ဖော်စတာကို ဆောက်သမ်တန်အသင်း (၅)နှစ် သက်တမ်းတိုး စာချုပ်
(ဓာတ်ပုံ - အီးပီအေ)

ဆောက်သမ်တန်အသင်းဟာ ၎င်းတို့ရဲ့ အင်္ဂလန်ဂိုးသမား ဖရေဆာ ဖော်စတာကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်,ချုပ်ဆိုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဂိုးသမားဟာ အသင်းနဲ့အတူ ၂၀၂၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ယခုတဖန် တစ်နှစ် ထပ်မံ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

"ကျနော် ပျော်ရွှင်မိပါတယ်။ ဆောက်သမ်တန်မှာ ရှိနေတဲ့ ကျနော် အချိန်တွေကို လုံးဝ ချစ်ခင်ပါတယ်။ ပြီးတော့ အခုလို ကာလရှည် သက်တမ်းတိုးဖို့ အခွင့်အရေး ရလာတဲ့အခါမှာ နှစ်ကြိမ် သက်တမ်းတိုးဖို့ ကျနော် လုံးဝ မထင်ထားမိပါဘူး။"လို့ ၂၀၁၄ ခုနှစ်က ဆောက်သမ်တန်အသင်းကို ရောက်ရှိခဲ့သူ ဖော်စတာက ကလပ်အသင်း ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

ဖော်စတာဟာ ဆဲလ်တစ်အသင်းမှ ဆောက်သမ်တန်အသင်းသို့ ၂၀၁၄ ခုနှစ်က ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် မှာ ပွဲစဉ်တိုင်း ပါဝင်ကစားခဲ့ကာ အသင်းအတွက် ပွဲပေါင်း ၁၀၃ ပွဲ ကစားခဲ့ပါတယ်။

သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပွဲဦးထွက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ချီလီအသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး နိုင်ငံအသင်းအတွက် ၆ ပွဲ ကစားခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required