အာဆင်​နယ်​ဂိုးသမား ဆက်​ဇီနီကို ဂျူဗင်​တပ်​စ်​​ခေါ်ယူ

အာဆင်​နယ်​ဂိုးသမား ဆက်​ဇီနီကို ဂျူဗင်​တပ်​စ်​​ခေါ်ယူ

အီတလီ၊ ဇူလိုင်​ ၁၉ ။            ။ ဂျူဗင်​တပ်​စ်​အသင်​းသည်​ အာဆင်​နယ်​အသင်​းမှ ပိုလန်​လက်​​ရွေးစင်​ဂိုးသမား ဆက်​ဇီနီကို ​လေးနှစ်​စာချုပ်​ဖြင်​့ ၂၀၂၁ ခုနှစ်​အထိ စာချုပ်​ ချုပ်​ဆိုကာ​ခေါ်ယူလိုက်​ပြီ ဖြစ်​သည်​။

ထိုသတင်​းကို ဂျူဗင်​တပ်​စ်​အသင်​းက အတည်​ပြုခဲ့ပြီး ဆက်​ဇီနီအား စာချုပ်​ ချုပ်​ဆို​နေပုံများကို အသင်​း၏ ၀က်​ဆိုက်​နှင်​့ လူမှုကွန်​ရက်​စာမျက်​နှာများတွင်​ ​ဖော်​ပြခဲ့သည်​။

ဆက်​ဇီနီသည်​ ပြီးခဲ့သည်​့ရာသီနှစ်​ခုက ရိုးမားတွင်​အငှားလာ​ရောက်​ကစား​နေသူဖြစ်​ပြီး အာဆင်​နယ်​အသင်​းနှင်​့ ၂၀၁၉ အထိ စာချုပ်​သက်​တမ်​း ရှိ​နေ​သေးသူဖြစ်​သည်​။

ထိုလက်​ကျန်​စာချုပ်​သက်​တမ်​းအတွက်​ ဂျူဗင်​တပ်​စ်​အသင်​းသည်​ အာဆင်​နယ်​အသင်​းထံ ​ပြောင်​း​ရွှေ့​ကြေး ယူရို ၁၂.၂ သန်​း​ပေး​ချေရမည်​ ဖြစ်​သည်​။ ထို့အပြင်​ ဆက်​ဇီနီ၏စွမ်​း​ဆောင်​ရည်​အ​ပေါ်မူတည်​ပြီး ယူရို ၃.၁ သန်​းထပ်​မံ​ပေး​ချေရမည်​ ဖြစ်​သည်​။

လက်​ရှိ ဂျူဗင်​တပ်​စ်​ဂိုးသမားဘတ်​ဖွန်​သည်​ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်​ပွဲအပြီးတွင်​ ကစားသမားဘဝမှအနားယူ​တော့မည်​ဖြစ်​​သော​ကြောင်​့ ဆက်​ဇီနီကို​ခေါ်ယူခဲ့ခြင်​းဖြစ်​သည်​။

ရည်​ညွှန်​း ဂျူဗင်​တပ်​စ်​​ဒေါ့ကွန်​း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required