အမျိုးသမီး တင်းနစ်ကမ္ဘာ့အဆင့် (၅)နေရာကို တက်ရောက်လာတဲ့ ဝင်ဘယ်လ်ဒန်ချန်ပီယံ မူဂူရူဇာ

အမျိုးသမီး တင်းနစ်ကမ္ဘာ့အဆင့် (၅)နေရာကို တက်ရောက်လာတဲ့ ဝင်ဘယ်လ်ဒန်ချန်ပီယံ မူဂူရူဇာ
(ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က ဇူလိုင် ၁၇ ရက်၊ တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ ဝင်ဘယ်လ်ဒန်တင်းနစ်ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်တင်းနစ်မယ် မူဂူရူဇာဟာ အဆင့် ၅ နေရာထိ ခုန်တက်လာပြီး  ချက်မှ ပလစ်ဆကိုဗာက အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

ဝင်ဘယ်လ်ဒန်ဗိုလ်လုပွဲမှာ အသက် ၂၃ နှစ်အရွယ် မူဂူရူဇာက ၇-၅၊ ၆-၀ ဖြင့် ဗီးနပ်စ်ဝီလျံကို ပွဲငယ်နှစ်ပွဲပြတ် အနိုင်ရခဲ့ပြီး ပွဲချိန်ကတော့ ၁ နာရီ၊ ၁၇ မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။

အဆင့် ၂ မှာတော့ ရိုမေးနီးယားမှ ဆီမွန်နာ ဟာလက်ပ်၊ ဂျာမနီမှ အန်ဂျလီကေး ခါဘာက ရမှတ် ၅,၉၇၅ နဲ့ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ ခါဘာဟာ ဝင်ဘယ်လ်ဒန် ရှုံးထွက် ၁၆ အဆင့်မှာ မူဂူရူဇာကို ၄-၆၊ ၆-၄၊ ၆-၄ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) ပလစ်ဆကိုဗာ (ချက်) ၆,၈၅၅
၂) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၆,၆၇၀
၃) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၅,၉၇၅
၄) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၅,၁၁၀
၅) မူဂူရူဇာ (စပိန်) ၄,၉၉၀
၆) အလီနာ ဆဗီလီနာ(ယူကရိန်း) ၄,၉၃၅
၇) ကယ်ရိုလိုင်း ဝိုဇ်နီယာကီ (ဒိန်းမတ်) ၄,၇၈၀
၈) ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၅၀၀
၉)  ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ၄,၄၆၁
၁၀) ရစ်ဝမ်စ်ကာ (ပိုလန်) ၃,၉၈၅

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required