လူးကပ်စ်ကို အီတလီကလပ် လာဇီယိုသို့ လီဗာပူးလ်အသင်း ရောင်းချ

လူးကပ်စ်ကို အီတလီကလပ် လာဇီယိုသို့ လီဗာပူးလ်အသင်း ရောင်းချ
(ဓာတ်ပုံ - လာဇီယို)

ဘရာဇီးကစားသမား လူးကပ်စ်လီဗာဟာ အန်ဖီးလ်မှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် အီတလီကလပ် လာဇီယိုအသင်းသို့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ကြောင်း လီဗာပူးလ်အသင်းက အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

လူးကပ်စ်ဟ အင်္ဂါနေ့က လာဇီယိုအသင်းအတွက် ဆေးစစ်မှု အောင်မြင်ခဲ့တယ်လို့ ပရီးမီးယားလိဂ်ကလပ်အသင်းက ပြောပါတယ်။

လာဇီယိုအသင်းဟာ လူးကပ်စ်ကို ပေါင် ၅ သန်းနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ဒီပြောင်းရွှေ့ကြေးဟာ လီဗာပူးလ်က ၂၀၀၇ ခုနှစ်တုန်းက အဆိုပါကစားသမားကို ခေါ်ယူခဲ့တဲ့ တန်ကြေးနဲ့ အတူတူဖြစ်ပါတယ်။

"ကလပ်လည်းဖြစ်တဲ့ လီဗာပူးလ်နဲ့ မြို့တစ်ဖြစ်လည်း လီဗာပူးလ်ဟာ ထူးခြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါဟာ နေရာတိုင်းမှာတော့ ကွဲပြားခြားနားမယ်လို့ ကျနော် ထင်ပါတယ်။ ပရိသတ်တွေဟာ ကလပ်အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း၊ အရေးကြီး အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး သူတို့တွေ မရှိဘဲ ကျနော် ပြောချင်တဲ့ တူညီတဲ့ လီဗာပူးလ်ဖြစ်လာမှာ မဟုတ်ပါဘူး"လို့ အသက် ၃၀ အရွယ် လူးကပ်စ်က ပြောပါတယ်။

လူးကပ်စ်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ (၂၄၇)ပွဲအပါအဝင် ပွဲပေါင်း (၃၄၅)ပွဲ ကစားခဲ့ပါတယ်။

"ကူညီပံ့ပိုးမှုတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ခက်ခဲတဲ့ကာလတွေမှာပေါ့။ လီဗာပူးလ်ပရိသတ်တွေဟာ တကယ့်ကို အထူးစပယ်ရှယ်ဆိုတာ ကျနော်တို့ အားလုံး သိရှိထားပြီး သူတို့ဟာ ကျနော့်ဘက်မှာ အမြဲရှိနေခဲ့ကြပါတယ်။"လို့ လူးကပ်စ်က ဆိုပါတယ်။

လာဇီယိုအသင်းဟာ အာဂျင်းတီးနားကစားသမား ကွင်းလယ်လူ လူးကပ်စ် ဘစ်လီယာကို အေစီမီလန်အသင်းဆီ ရောင်းချခဲ့ပြီးနောက် လူးကပ်စ်လီဗာရဲ့ အပြောင်းအရွှေ့ဖြစ်လာပါတယ်။

 ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ လာဇီယိုအသင်းဟာ အမှတ်ပေးဇယား အဆင့် ၅ မှာ ရပ်တည်ခဲ့ပြီး နည်းပြ အင်ဇာဂီလက်အောက်မှာ ယူရိုပါလိဂ်ကို ဝင်ရောက်ယှဉ်ပြိုင်မှုာဖြစ်ပါတယ်။

Ref; EFE_EPA, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags