Huawei ရဲ့ အကောင်းဆုံး ကင်မရာနှစ်လုံးပါ စမတ်ဖုန်းများ

Huawei ရဲ့ အကောင်းဆုံး ကင်မရာနှစ်လုံးပါ စမတ်ဖုန်းများ

HUAWEI P10၊ P10 Plus
HUAWEI P10၊ P10 Plus လို့ဆိုလိုက်တာနဲ့ Huawei ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ စမတ်ဖုန်းကို မြင်မိကြမှာပါ။ Huawei P စီးရီးတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ လှပတဲ့စမတ်ဖုန်းဒီဇိုင်းဆိုတာတော့ ကြည့်လိုက်တာနဲ့ ခံစားသိမြင်နိုင်မှာပါ။ ဒါ့အပြင် HUAWEI P10၊ P10 Plus မှာ သစ်လွင် ဆန်းသစ်တဲ့အရောင်တွေဖြစ်တဲ့ Dazzling Blue တို့ Graphite Black တို့ကို ထုတ်လုပ်ထားတဲ့အတွက် လှပတဲ့ဒီဇိုင်း၊ လှပတဲ့အရောင်အတွဲအစပ်တွေနဲ့ ဖက်ရှင်ကျလှပနေမှာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အရင် P9 မှာ အနောက်ကင်မရာကိုသာ Leica မှန်ဘီလူးတပ်ဆင်ထားပေမဲ့ အခု P10၊ P10 Plus မှာတော့ အရှေ့ကင်မရာကိုပါ Leica မှန်ဘီလူးတပ်ဆင်ထားတဲ့အတွက် မော်ဒယ်လ်တစ်ယောက်လို လှပစေမဲ့ portrait ပုံတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဖိလစ်ပိုင် နည်းပညာမီဒီယာတစ်ခုဖြစ်တဲ့ unbox.ph က HUAWEI P10 Plus နဲ့ Samsung Galaxy S8+၊ iphone 7Plus တို့ကို နှိုင်းယှဉ်ပြီး Blind Camera Test ပြုလုပ်ခဲ့ပါသေးတယ်။   HUAWEI P10 Plus ရဲ့ ဓါတ်ပုံတွေနဲ့ Samsung Galaxy S8+ တို့ရဲ့ ပုံတွေကို နှိုင်းယှဉ်ရာမှာ HUAWEI P10 Plus က မဲပေးသူစုစုပေါင်းရဲ့ ၅၇% နဲ့ Samsung Galaxy S8+ က မဲပေးသူစုစုပေါင်းရဲ့ ၄၃% ရခဲ့တဲ့အတွက် Unbox.com က “Huawei’s P10 Plus Wins Over Samsung’s Galaxy S8+ In Our Blind Camera Test (ကျွန်တော်တို့ရဲ့ Blind Camera Test မှာ Huawei ရဲ့ P10 Plus က Samsung ရဲ့ Galaxy S8+ ကို အနိုင်ရရှိခဲ့တယ်)” ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် iphone 7Plus နဲ့လည်း နှိုင်းယှဉ်ခဲ့ပါသေးတယ်။ HUAWEI P10 Plus က မဲပေးသူစုစုပေါင်းရဲ့ ၆၇% ရရှိပြီး iphone 7Plus က မဲပေးသူစုစုပေါင်းရဲ့ ၃၃% ရရှိခဲ့တဲ့အတွက် Unbox.com က “The HUAWEI P10 Plus Trounces the iPhone 7 Plus in Our Blind Camera Test (ကျွန်တော်တို့ Blind Camera Test မှာ Huawei P10 Plus က iPhone 7 Plus ကို အပြတ်အသတ်အသာစီးရခဲ့)” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

အဖြူအမည်းဓါတ်ပုံ (Monochrome) မှာ wide aperture နဲ့ ရိုက်လို့ရတဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ HUAWEI P10၊ P10 Plus က လောလောဆယ် Huawei က နောက်ဆုံးထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေ ဖြစ်တဲ့အပြင် “The Best Dual Camera Smartphone (အကောင်းဆုံး ကင်မရာနှစ်လုံးပါ စမတ်ဖုန်း)” ဆိုပြီး လူတိုင်း အသိအမှတ်ပြုရတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

HUAWEI P10 ကို ၇၉၉၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ Prestige Gold၊ Graphite Black နဲ့ Dazzling Blue တို့ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ HUAWEI P10 Plus ကို ၉၉၉၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ Dazzling Gold၊ Graphite Black နဲ့ Dazzling Blue တို့ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် HUAWEI P10 နဲ့ P10 Plus ဝယ်ယူသူများအနေနဲ့ Telenor နဲ့ ပူးပေါင်းထားတဲ့ လက်ဆောင်များ ထပ်မံရရှိမှာဖြစ်ပါတယ်။ လစဉ် ၁၀၀၀၀ ကျပ် ငွေဖြည့်ရုံနဲ့ လစဉ် 3GB ဒေတာနဲ့ Telenor အချင်းချင်း အကန့်အသတ်မရှိ SMS ပေးပို့ခြင်းကို ၆ လတိုင်တိုင် ရရှိမှာဖြစ်ပါတယ်။

 HUAWEI P10 PLUS

 HUAWEI P9

HUAWEI P9 ကတော့ Huawei စမတ်ဖုန်းမှာ နာမည်ကျော် Leica မှန်ဘီလူး စတင်ပါဝင်လာစေတဲ့ ကင်မရာနှစ်လုံးပါ စမတ်ဖုန်းတစ်လုံးပါ။ တစ်ကမ္ဘာလုံးက ဓါတ်ပုံပညာစိတ်ဝင်စားသူတွေ၊ နည်းပညာ ပညာရှင်တွေရဲ့ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးခဲ့တဲ့ စမတ်ဖုန်းတစ်လုံးလို့ ဆိုရင်လည်း မမှားပါဘူး။ P9 ကနေ ရလာတဲ့ ရိုက်ချက်တွေကလည်း အားလုံးကို အံ့အားသင့်စေခဲ့တာကလည်း အမှန်တကယ်ပဲ   ဖြစ်ပါတယ်။ အဖြူ၊ အမည်း (Monochrome) ခေတ်ကို ပြန်တစ်ခေတ်ဆန်းစေခဲ့တာလည်း HUAWEI P9 ပဲ ဖြစ်ပါတယ်။ Huawei မှာ တစ်ကမ္ဘာလုံးတင်ပို့ရောင်းချမှု ၁၂ သန်းကျော်ခဲ့တဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။  

HUAWEI P9 ကို ၅၅၉၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ Prestige Gold၊ Titanium Grey၊ Mystic Silver နဲ့ Rose Gold တို့ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

HUAWEI P9

Huawei GR5 2017

သုံးစွဲသူတိုင်းကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ကင်မရာနှစ်လုံးပါ စမတ်ဖုန်း ကိုင်စေနိုင်ဖို့အတွက် Huawei က ထုတ်လုပ်ခဲ့တဲ့ စမတ်ဖုန်းကတော့ Huawei GR5 2017 ပါ။ Huawei GR5 2017 မှာ P9 လို Leica မှန်ဘီလူးမပါဝင်ပေမဲ့ GR5 2017 ရဲ့ ရိုက်ချက်တွေကလည်း သုံးစွဲသူတွေကို အထူးကျေနပ်စေခဲ့ပါတယ်။ Huawei GR5 2017 ကို အမှတ်ရစေခဲ့တာကတော့ Myanmar Idol Season II တစ်လျှောက်မှာ လွှင့်ခဲ့တဲ့ Huawei Brand Ambassador ဝတ်မှုံရွှေရည်နဲ့ ဘန်ကောက်မှာ ရိုက်ကူးထားတဲ့ ကြော်ငြာလေးပါ။

ကိုယ်လိုချင်တဲ့နေရာကို ဗဟိုထား တခြားနောက်ခံကို ဝါးပြီးရိုက်လို့ရတဲ့ ဘိုခေး လုပ်ဆောင်ချက် (bokeh effect) နဲ့ တွဲပြီး သိခဲ့ကြတဲ့ စမတ်ဖုန်းလေးပါ။ ကြော်ငြာထဲကအတိုင်း ကိုယ်လိုချင်တဲ့နေရာကို အရင်ထင်းနေအောင်ရိုက် ကိုယ်မလိုချင်တဲ့နေရာကို ဝါးလို့ရတဲ့အတွက် ဓါတ်ပုံတစ်မျိုးစီသိမ်းထားလို့ ရနိုင်မှာပါ။ တခြား Good Food Mode လို ကင်မရာလုပ်ဆောင်ချက်တွေကလည်း Huawei GR5 2017 ကို တစ်ထောင့်တစ်နေရာက ပံ့ပိုးပေးထားပါသေးတယ်။

Huawei GR5 2017 ကို Standard Version (RAM 3GB၊ ROM 32GB) နဲ့ Premium Version (RAM 4GB၊ ROM 64GB) ဆိုပြီးတင်သွင်းထားပါတယ်။ Standard Version ကို ၃၀၉၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး Premium Version ကို ၃၉၉၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ ရွှေရောင်၊ မီးခိုးရောင်၊ အဖြူရောင်တို့ကို ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Huawei GR5 2017

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် တတိယလူသုံးအများဆုံးအဖြစ် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်တွင် လွှမ်းမိုးလျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့မိုဘိုင်းဖုန်းဈေးကွက်တွင် တတိယအဆင့်၌ ရပ်တည်လျက်ရှိသည်။ သုတေသနစင်တာ (၁၆)ခုကို အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစု ၃ ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones)၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices)၊ အိမ်သုံးပစ္စည်းများနှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှု (Home Devices and Cloud Services) စသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။ Huawei ၏ တစ်ကမ္ဘာလုံး ဆိုင်ရာကွန်ရက်ကို အနှစ်၂ဝကျော်သက်တမ်းရှိပြီး အထူးကျွမ်းကျင်သော ဆက်သွယ်ရေး လုပ်ငန်းပေါ်တွင် အခြေခံထားပြီး တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများထံ အဆင့်မြင့် နောက်ဆုံးပေါ်နည်းပညာများကို ဖြန့်ဝေပေးရန် ရည်ရွယ်ပါသည်။

ထပ်မံသိရှိလိုပါက -
Huawei Mobile Myanmar Facebook Page - https://www.facebook.com/HuaweiDeviceMyanmar
Website - http://consumer.huawei.com/mm
Instagram - https://www.instagram.com/huaweidevicemyanmar
Hotline: 01-9000900

Public Relations ဆက်သွယ်ရန်
Huawei Technologies (Yangon) Co., Ltd
မေဘရဏီဇော်
PR Manager
Device Business Department[email protected]
09-799610280

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required