မလေးရှားရောက် မြန်မာဒုက္ခသည်များအကြောင်း မှတ်တမ်းဇာတ်ကား မြန်မာ စာတန်းထိုးဖြင့် ကြည့်ရှုနိုင်

မလေးရှားရောက် မြန်မာဒုက္ခသည်များအကြောင်း မှတ်တမ်းဇာတ်ကား မြန်မာ စာတန်းထိုးဖြင့် ကြည့်ရှုနိုင်

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့်  မြန်မာဒုက္ခသည်များ၏ ခက်ခဲသော ရုန်းကန်မှုများကို ရိုက်ကူးထားသည့် ခိုလှုံရာ ဖွေရှာခြင်း( In Search of Shelter) Documentary ဇာတ်ကားကို အွန်လိုင်းပေါ် တွင်မြန်မာစာ တန်းထိုးဖြင့် ကြည့်ရှုနိုင်ပြီ်ဖြစ်သည်။

ထိုဇာတ်ကားများကို မြန်မာစာတန်းထိုးဖြင့် ကြည်ရှုနိုင်ရန် Engage media က စီစဉ် ပြုလုပ် ခြင်းဖြစ်ပြီး အဆိုပါ မှတ်တမ်းဇာတ်ကား ခိုလှုံရာဖွေရှာခြင်း ဇာတ်ကားကို https://www.engagemedia.org/Members/Crossroads/videos/In-Search-of-Shelter/ တွင် ကြည့်ရှုနိုင်ပြီး အဆိုပါ ဇာတ်ကားနှင့်အတူ အရှေ့တောင်အာရှ နိုင်ငံအသီးသီး တွင် ရွှေ့ပြောင်းလုပ်သားများ ၊ ဒုက္ခသည်များ၏ ဇာတ်လမ်းတို Documentary များကိုလည်း မြန်မာ စာတန်းထိုးဖြင့် ရွေး ချယ်ကြည့်ရှုနိုင်မည်ဖြစ်သည်။

Engage Media သည် နည်းပညာ၊ လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများကို ဗီဒီယိုသုံးပြီး လှုံ့ဆော်သည့် NGO အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။

ခိုလှုံရာဖွေရှာခြင်း Documentary ဇာတ်ကားကို Mon Refugee Organization မှ မြန်မာ ဒါရိုက်တာ Nai Thy Wonna က အလုပ်သမား အခွင့်အရေး ပညာပေးဗီဒီယို စီးရီး Crossroad အတွက် ၂၀၁၄ ခုနှစ်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ဇာတ်လမ်းတွင် UNHCR မှ တရားဝင်အသိအမှတ်ပြုကတ် မရှိသဖြင့် နေ့စဉ် ဖမ်းဆီးခံနေ ရသည့် မြန်မာနိုင်ငံသား ခိုလှုံသူများ၏ အတွေ့အကြုံများ ၊ ယင်းကတ်မရှိသဖြင့် ကျန်းမာရေးစောင့်ရှောက် မှုပြည့်ဝ စွာ မရရှိနိုင်သည့် အခက်အခဲများကို ပြန်လည် မျှဝေပြောပြထားခြင်းဖြစ်သည်။

ထိုဇာတ်ကားများ ကြည့်ရှုရန် link သို့ ဝင်ရောက်ပြီးပါက play button အောက်ရှိ English ဆိုသည့် နေရာတွင် Burmese ကို ရွေးချယ် ကြည့်ရှုနိုင်မည် ဖြစ်သည်။ Crossroads စီးရီးမှာ မလေး ရှားနိုင်ငံရှိ ဒုက္ခသည်များ ၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ကိုယ်တွေ့ဖြစ်ရပ် သင်ခန်းစာများကို ရွှေ့ ပြောင်းလုပ်သားများ ကိုယ်တိုင်ရိုက်ကူးနိုင်ရန် CJMY (Citizen Journalists Malaysia) မှ သင်တန်း ပေးပြီး ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများ၏အခွင့်အရေးများကို ဖော်ထုတ်ရန်ရွှေ့ပြောင်း အလုပ်သမားကွန်ရက်များ ၊Engage Media ၊ Citizen Journalists Malaysia (CJMY) တို့ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်တွင်ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးဆိုင်ရာ Crossroad ပညာပေး ဗီဒီယိုပရောဂျက်ကို စတင်ကာ အဆိုပါအစီအစဉ်တွင် ဗီဒီယိုထုတ်လုပ်ခြင်းနှင့် ဖြန့်ချိခြင်းတို့လည်း ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly