အင်တာမီလန်ကစားသမား ပါရီဆစ်ကို မန်ယူအသင်း ပေါင်သန်း (၄၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိ

အင်တာမီလန်ကစားသမား ပါရီဆစ်ကို မန်ယူအသင်း ပေါင်သန်း (၄၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိ
(ဓာတ်ပုံ - အီးပီအေ)

မန်ယူအသင်းဟာ အင်တာမီလန်ရဲ့ ခရိုအေးရှားတောင်ပံကစားသမား အိုင်ဗင် ပါရီဆစ်ကို ပေါင်သန်း (၄၀)ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

မန်ယူအသင်း တာဝန်ရှိသူတွေဟာ ပါရီဆစ်ရဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းဖို့ မီလန်သို့ သွားရောက်ခဲ့ကြပါတယ်။

အင်တာမီလန်အသင်းဟာ လာဇီယိုအသင်းရဲ့ အသက် ၂၂နှစ်အရွယ်ရှိ လူငယ်တောင်ပံကြယ်ပွင့်ကစားသမား ကီတာဘယ်လ်ဒီကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီး ပါရီဆစ်ကို မန်ယူထံ ရောင်းချရာမှာ အသက် ၂၁ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ပြောင်းရွှေ့မှုရဲ့ တစိတ်တပိုင်းအဖြစ် ထည့်သွင်းရန် အင်တာအသင်းက အလိုရှိနေပါတယ်။ ဒါပေမယ့် သဘောတူညီမှုတော့ မရရှိသေးပါဘူး။

ပါရီဆစ်ဟာ မန်ယူအသင်းထံသို့ ပြောင်းရွှေ့လိုကြောင်း အင်တာမီလန်အသင်းကို ပြောဆိုခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ပါရီဆစ်ဟာ တစ်ပတ်လုပ်ခပေါင် (၁) သိန်းနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ရန် သဘောတူခဲ့တယ်လို့ SunSport က ဖော်ပြထားပါတယ်။

မန်ယူအသင်းဟာ ဒီနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့မှာ နောက်ခံလူ လင်ဒီလော့ဖ်နှင့် တိုက်စစ်မှူး လူကာကူတို့ ခေါ်ယူထားပြီး ပါရီဆစ်သာ ရောက်ရှိလာပါက တတိယမြောက် ခေါ်ယူမှု ဖြစ်လာမှာပါ။

Ref; The Sun, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required