ဆောက်သမ်တန်နောက်ခံလူဟောင်း ကူကို မာတီနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အဲဗာတန်အသင်း ခေါ်ယူ စာချုပ်

ဆောက်သမ်တန်နောက်ခံလူဟောင်း ကူကို မာတီနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အဲဗာတန်အသင်း ခေါ်ယူ စာချုပ်
(ဓာတ်ပုံ - အဲဗာတန်)

အဲဗာတန်အသင်းဟာ ဆောက်သမ်တန်နောက်ခံလူဟောင်း ကူကို မာတီနာကို တနင်္လာနေ့က စာချုပ်,ချုပ်ဆိုခဲ့ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

အဆိုပါ အသက် ၂၇ နှစ်ရှိ မာတီနာဟာ လွန်ခဲ့တဲ့ နှစ်,နှစ်က ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းမှာ ကစားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လက အသင်းကနေ ထွက်ခွာခဲ့ပြီး အလွတ်ပြောင်းကြေးအဖြစ် အဲဗာတန်အသင်းနဲ့ စာချုပ်ခဲ့ပါတယ်။

ကူရကာအိုကစားသမား မာတီနာဟာ ဂူဒီဆင်ပါ့ခ်မှာ (၃)နှစ် စာချုပ်ခဲ့တာဖြစ်ပြီး ယခင် ဆောက်သမ်တန်နည်းပြဟောင်း လက်ရှိ အဲဗာတန်နည်းပြ ရော်နယ်လ်ကိုးမန်းနှင့်အတူ ပြန်လည် ပူးပေါင်းမှာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required