နီပေါတွင် သျှီဝနတ်ဘုရားအား ကိုးကွယ်ပသခြင်းအဖြစ် ဟိန္ဒူထောင်ပေါင်းများစွာ ဥပုသ်သီတင်းစောင့်တည်

နီပေါတွင် သျှီဝနတ်ဘုရားအား ကိုးကွယ်ပသခြင်းအဖြစ် ဟိန္ဒူထောင်ပေါင်းများစွာ ဥပုသ်သီတင်းစောင့်တည်

ခတ္တမန္ဒူ၊ ဇူလိုင် ၁၇ ။                  ။ နှစ်စဉ် ဇူလိုင်လလယ်မှ သြဂုတ်လလယ်တွင် ကျရောက်သည့် ဟိန္ဒူဘာသာရေးလမြတ် ရှာဝန်လမြတ်၏ တနင်္လာနေ့တိုင်းသည် သျှီဝနတ်ဘုရားအား ကိုးကွယ်ပသကာ ဥပုသ်သီတင်းစောင့်တည်လေ့ရှိသော အခါသမယဖြစ်သည်။

ယင်းသို့ ဥပုသ်စောင့်တည်ရခြင်းဖြင့် စိတ်ဆန္ဒများ ပြည့်ဝမည် ယုံကြည်မှုရှိရာ နီပေါနိုင်ငံက ဟိန္ဒူထောင်ပေါင်းများစွာသည် ဇူလိုင် ၁၇ ရက် တနင်္လာနေ့တွင် ဥပုသ်စောင့်တည်ကာ သျှီဝနတ်ဘုရားအား ဆည်းကပ်ကြသည်။

အိမ်ထောင်ဖက်ဖူးစာရှင် ဆုံဆည်းပေးသော၊ ဖူးစာဆုံပြီး အိမ်ထောင်ရှင်များသို့လည်း ချမ်းသာကြွယ်ဝမှု ဆောင်ကြဉ်းပေးသော စုတ်ရော လာဘ်ပါ ချီးမြှောက်သနားပေးသည်ဟု ယုံကြည်သည့် သျှီဝနတ်ဘုရားကျောင်း ဂူဗိမာန်ကြီးများသို့လည်း ဟိန္ဒူများက ဝတ်ပြုသွားရောက်ကြသည်။

"လာဘ်လာဘ ကြွယ်ဝဖို့နဲ့ မိသားစုတွေရဲ့ ကျန်းမာရေးအတွက် ရှာဝန်လမြတ် တနင်္လာနေ့တိုင်းမှာ ကျွန်မ ဥပုသ် စောင့်တည်ပါတယ်။"ဟု အသက် ၄၂ နှစ်ရှိ ဆူမီထရာက အီးပီအေသတင်းဌာနသို့   ပြောသည်။

အဆိုပါ လမြတ်တွင် ဥပုသ်စောင့်တည်ကြသော အမျိုးသမီးများနည်းတူ ဆူမီထရာသည်လည်း အစိမ်းရောင် လက်ကောက်များ၊ လည်ဆွဲပုတီးများကို ဝတ်ဆင်ကာ လက်တွင်လည်း ဆေးဒန်းဆိုးကာ   နေသွားရမည်ဖြစ်သည်။

ခတ္တမန္ဒူမြို့တော်ရှိ ပါရှုပတ်တင်နက်ရှ် သျှီဝနတ်ဘုရားကျောင်းသို့ ယနေ့ ဇူလိုင် ၁၇ ရက် တနင်္လာနေ့ နံနက်ပိုင်းမှ စကာ လာရောက်သူများ အလွန်များပြား၍ နှစ်သိန်းခွဲကျော်ထက်မနည်း လာရောက် သွားခဲ့ပြီးဖြစ်ကြောင်း ဘုရားကျောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required