လိုချင်သည့်ကစားသမားများကို အရခေါ်ယူရန် ကလော့ပ်ဆုံးဖြတ်ထား

လိုချင်သည့်ကစားသမားများကို အရခေါ်ယူရန် ကလော့ပ်ဆုံးဖြတ်ထား

ဇူလိုင် ၁၇၊ လီဗာပူးလ်။         ။ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်သည် ရာသီသစ်မတိုင်မီ လိုချင်သည့်ပစ်မှတ်ကစားသမားများကို အရခေါ်ယူရန် ဆုံးဖြတ်ထား ကြောင်း ဘီဘီစီသတင်းတွင်   ဖော်ပြထားသည်။

လီဗာပူးလ်အသင်းသည်လက်ရှိတွင် တောင်ပံကစားသမား ဆာလက်ချ်ကို ရိုးမားအသင်းထံမှလည်းကောင်း၊ ချယ်လ်ဆီးနှင့် စာချုပ်ကုန်သွားသည့် တိုက်စစ်မှူးဆိုလန်ကီကိုလည်းကောင်း   ခေါ်ယူထားသည်။

ကလော့ပ်အနေဖြင့် လိုက်ဇစ်ကွင်းလယ်ကစားသမား ကီတာကိုလည်းခေါ်ယူချင်နေသည်။ “လိုသလောက်နီးပါးတော့ရနေပြီ။ ဒါပေမဲ့အဆုံးထိတော့ ဆက်သွားနေရဦးမှာပဲ။

ကိုယ်တစ်ဘဝလုံးလိုချင်နေတဲ့ ကားကိုဝယ်ရသလိုပေါ့။ ခင်ဗျားမှာပိုက်ဆံရှိပေမယ့် ဟိုဘက်ကမရောင်းချင်ဘူး။ တခြားကား၊ တခြားအရောင်ကိုပြောင်းဝယ်ဖို့ပြောပေမယ့် ခင်ဗျားကလည်းအဲဒီကားကိုပဲဝယ်ချင်နေသလိုပေါ့။

အဲဒါမျိုးက ဘောလုံးမှာတင်မကဘူး ပြင်ပဘဝမှာပါဖြစ်လေ့ဖြစ်ထရှိတာမျိုးပါ”ဟု ကလော့ပ်က ပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly