အော်စကာဆုရမင်းသားကြီး မာတင်လန်ဒို အသက် ၈၉နှစ်အရွယ်၌ ကွယ်လွန်

အော်စကာဆုရမင်းသားကြီး မာတင်လန်ဒို အသက် ၈၉နှစ်အရွယ်၌ ကွယ်လွန်

ရုပ်သံဇာတ်လမ်းတွဲ Mission: Impossible နှင့် ၁၉၆၀ခုနှစ်များက ဝက်ဝက်ကွဲအောင်မြင်ခဲ့သော Cleopatra ကဲ့သို့သော ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသားကြီးမာတင်လန်ဒိုသည် အသက် ၈၉နှစ်အရွယ် ၌ ကွယ်လွန်သွားပြီဖြစ်သည်။

သူ၏ ပြန်ကြားရေးမှူးဖြစ်သူ ဒစ်ခ်ဂတ်မန်းက သူကွယ်လွန်ပြီဆိုသောသတင်းကို အတည်ပြုပေးခဲ့ပြီး “ ကျနော် တို့ ဝမ်းနည်းမှုကြောင့် မွှန်ထူသွားရပါတယ်” ဟု ပြောကြားခဲ့သည်။

မစ္စတာလန်ဒိုသည် လွန်ခဲ့သော ၁၉၉၅ခုနှစ်က ထွက်ရှိခဲ့သည့် ဟာသဒရာမာ ရုပ်ရှင်ဇာတ်ကား Ed Wood တွင် ပါဝင်သရုပ်ဆောင်ရင်း အော်စကာဆုပေးပွဲ၌ အကောင်းဆုံးဇာတ်ပို့မင်းသားဆုကို ဆွတ်ခူးရရှိခဲ့သည်။

သူသည် ပြီးခဲ့သောစနေနေ့က လော့စ်အိန်ဂျယ်လိစ်ဆေးရုံ၌ ရောဂါကုသနေစဉ် မမျှော်လင့်ပဲ ထပ်တိုးလာသော ရောဂါသစ်ကြောင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

မစ္စတာလန်ဒိုကို နယူးယောက်၌မွေးဖွားခဲ့ပြီး ပြဇာတ်နှင့်ရုပ်ရှင်တို့၌ သရုပ်မဆောင်မီတွင် နယူးယောက်နေ့စဉ် သတင်းစာ၏ ကာတွန်းဆရာတစ်ဦးအဖြစ် အသက်မွေးခဲ့သူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly