ဖယ်​ရှားလိုက်သော လှည်​းကူး ကျူးကျော်​​မြေ​နေရာတွင်​ ​ လူ​နေအိမ်​ခန်​းများ စတင်​​ဆောက်​လုပ်​

ဖယ်​ရှားလိုက်သော လှည်​းကူး ကျူးကျော်​​မြေ​နေရာတွင်​ ​ လူ​နေအိမ်​ခန်​းများ စတင်​​ဆောက်​လုပ်​

ရန်ကုန်၊ ဇူလိုင် ၁၇ ။              ။ လှည်းကူးရှိ ကျူးကျော်များကို ဖယ်ရှားလိုက်ပြီးနောက် ဂေါက်ကွင်းများ၊ နိုင်ငံတကာကျောင်းများ ပါဝင်သော အိမ်ယာစီမံကိန်း၏ လူနေတိုက်ခန်းများ စတင်ဆောက်လုပ်နေကြောင်း မြို့ပြနှင့်အိုးအိမ်ညွှန်ကြားမှဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

"လောလောဆယ် အိမ်ရာတိုက်ခန်းလေးတွေ စဆောက်နေတယ်၊ ဘယ်သူတွေအတွက် မသိသေးဘူး။ အဲ့လောက်ထိ မသိကြသေးဘူး ။ လူကြီးတွေ ဆုံးဖြတ်လိမ့်မယ်"ဟု ရန်ကုန်မြို့ပြဖွံံ့နှင့်အိုးအိမ်ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးယုခိုင်က ဆိုသည်။

အဆိုပါနေရာကို ရန်ကုန်မြို့အဝင်အထွက်နားရှိ အပန်းဖြေနေရာတစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်း  သိရသည်။

"နိုင်ငံတော်စီမံကိန်းက လူနေအိမ်ယာတွေ ပါမယ် ။ ပြီးလို့ရှိရင် နိုင်ငံတကာကျောင်းတွေပါမယ် ။ နောက်တော့ဆေးရုံပါမယ် ။ ပြီးလို့ရှိရင် အပန်းဖြေဥယျာဉ်တွေပါမယ် ။ နောက် ဂေါက်ကွင်းလိုဟာမျိုးတွေ Restaurant (စားသောက်ဆိုင်တွေ)လိုဟာမျိုးတွေ ၊ ၁၁၅မိုင်က Restaurant လိုမျိုး အဲ့ဒါမျိုးလေးတွေပါမယ် ။ ရန်ကုန်မြို့ကိုဝင်လာတဲ့သူပဲဖြစ်ဖြစ် ရန်ုကုန်မြို့ကနေ အပြင်ထွက်တာပဲဖြစ်ဖြစ် အပန်းဖြေနားနေစရာတစ်ခုပေါ့ ။ ဒါတွေလည်း ပါမှာပေါ့"ဟု အိုးအိမ်ညွှန်ကြားရေးမှူး ဦးယုခိုင်က ဇွန်လ ၁၆ ရက်နေ့က ပြောထားသည်။

ပြီးခဲ့သည့် ဇွန်၁၂ ရက် မနက်ပိုင်းက အဆိုပါနေရာရှိ ကျူးကျော်နေထိုင်သူများကို အစိုးရက ရှင်းလင်းဖယ်ရှင်း ခဲ့ပြီး ဇွန်လ ၁၆ ရက်၊ ညနေပိုင်းတွင် ဆောက်လုပ်ေရေးအတွက် စတင်မြေညှိခဲ့သည်။ အဆိုပါနေရာတွင် ရွာပေါင်း ၅ ရွာရှိပြီး အိမ်ခြေ ၄၀၀၀ ခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် ကျုးကျော်များ ကျန်ရှိနေသေးသဖြင့် စီမံကိန်း၏ပထမအဆင့် မြေပြင်ရှင်းလင်းခြင်း မပြီးပြတ်သေးကြောင်း၊ ရှင်း လင်းပြီးနောက် မြေနေယာများတွင် မြေညှိခြင်း၊ ခြံစည်းရိုးခတ်ခြင်းများ လုပ်ဆောင်နေသည်ဟု အိုးအိမ်ညွှန်ကြားရေးမှူး ဦးယုခိုင် က ဆက်ပြောသည်။

၎င်းစီမံကိန်းနှင့်ပတ်သတ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇော်မင်းသိန်း၊ မြို့ပြနှင့်အိမ်ယာညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်နိုင်တို့အား ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ဖြေကြားခြင်း မရှိခဲ့ပါ။

လှည်းကူးမြို့နယ်၊ ကျောက်အိုင်ကျေးရွာအနီးရှိ ၁၄၅၃.၇ ဧကအတွင်း မြေယာများကို စီးပွားဖြစ်ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဇွန်လ ၁၂ ရက်နေ့ ၊ မနက်ပိုင်းတွင်  ရဲအင်အား ၂၀၀ ဝန်းကျင်နှင့် စုဆောင်းခေါ်ယူထား သည့် အရပ်သားများဖြင့် ရှင်းလင်းဖယ်ရှားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly