ဗင်နီဇွဲလားတွင် မာဒူယိုအား ဆန့်ကျင်သော မဲပေးပွဲ၌ သေနတ်သမားများက မဲပေးသူများကို တိုက်ခိုက်

ဗင်နီဇွဲလားတွင် မာဒူယိုအား ဆန့်ကျင်သော မဲပေးပွဲ၌ သေနတ်သမားများက မဲပေးသူများကို တိုက်ခိုက်

ကာရာကတ်စ်၊ ဇူလိုင် ၁၇ ။             ။ ပြီးခဲ့သော တနင်္ဂနွေနေ့က ဗင်နီဇွဲလားနိုင်ငံသမ္မတ နစ်ကိုးလပ်စ်မာဒူယိုအား ဆန့်ကျင်သောမဲပေးပွဲ၌ မော်တော်ဆိုင်ကယ်စီးလာသော သေနတ်သမားများက မဲပေးရန်တန်းစီနေသူများကို ပစ်ခတ်တိုက်ခိုက်ခဲ့သော ကြောင့် အသက် ၆၀အရွယ်အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ပြီး အခြားလူ ၃ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရ ရှေ့နေများက ပြောခဲ့သည်။

ရုပ်သံမှတ်တမ်းများအရ မဲပေးရန်တန်းစီနေသော လူအုပ်ကြီးသည် သေနတ်သံများကိုကြားချိန်တွင် ထိတ်လန့် တကြားအော်ဟစ်၍ ထွက်ပြေးခဲ့ကြသည်ကို တွေ့မြင်ရသည်။ ဒါ့အပြင် လူအများအပြားသည် အနီးအနားရှိ ဘုရားကျောင်း၌ ခိုအောင်းနေခဲ့ကြရသည်။

အဆိုပါတိုက်ခိုက်မှုသည် ကာရာကတ်စ်မြို့ အနောက်ပိုင်းရှိ အလုပ်သမားလူတန်းစားများ နေထိုင်ရာရပ်ကွက် ဖြစ်သော ကာတီယာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစိုးရရှေ့နေများက ၎င်းတို့သည် ထိုဖြစ်ရပ်ကို အမှုဖွင့်၍ စုံစမ်းစစ်ဆေးနေကြောင်း ပြောခဲ့ကြသည်။

အတိုက်အခံ ယာယီညွန့်ပေါင်းအဖွဲ့က ထိုဖြစ်ရပ်သည် မာဒူယိုအစိုးရအဖွဲ့နှင့် အချိတ်အဆက်ရှိသော လက်နက် ကိုင်အဖွဲ့အစည်းများ၏ လက်ချက်ဖြစ်ကြောင်း အပြစ်ဖို့ခဲ့ကြသည်။

မြို့သူမြို့သားများနှင့် ဖွဲ့စည်းထားသော လွှတ်တော်တစ်ရပ်ကို လာမည့်ဇူလိုင် ၃၀ရက်နေ့တွင် ရွေးချယ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း အစမှပြန်လုပ်မည့် သမ္မတမာဒူယိုအစီအစဉ်များကို ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သော တနင်္ဂနွေနေ့က ထောင်နှင့်ချီသော ဗင်နီဇွဲလားနိုင်ငံသားများသည် မဲပေးပွဲကိုကျင်းပနေစဉ်တွင် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags