မန်စီးတီး တိုက်စစ်မှူး နိုလီတိုဟာ ဆေးစစ်ခံယူဖို့ တနင်္ဂနွေနေ့က စပိန်ကို ရောက်ရှိခဲ့ပြီး ဆီဗီလာအသင်းနဲ့ ၃ နှစ် စာချုပ်,ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
စပိန်ကလပ်နှင့် အင်္ဂလန်ကလပ်အသင်းအကြား ကစားသမားရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပြီးနောက် စပိန်ကစားသမားဟာ ဆီဗီလကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
နိုလီတိုဟာ ဆေးစစ်ဆေးအောင်မြင်ပါက ၎င်းဟာ ကလပ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုလိမ့်မယ်လို့ ဆီဗီလာအသင်းက ကြေညာခဲ့ပါတယ်။
ဆီဗီလာအသင်းဟာ အသက် ၃၀ အရွယ်ရှိ စပိန်ကစားသမားကို အငှားခေါ်ယူဖို့ မန်စီးတီးနဲ့ ညှိနှိုင်းခဲ့ပေမယ့် နောက်ဆုံးမှာ ကလပ်နှစ်သင်းလုံးဟာ ယူရို ၈ သန်းကျော်နဲ့ ကစားသမားကို အပြီးသတ် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဘာစီလိုနာ (ခ)အသင်းရဲ့ ကစားသမားဟောင်း နိုလီတိုဟာ ဆယ်တာဗီဂိုအသင်းမှ မန်စီးတီးအသင်းဆီ ၂၀၁၆ ခုနှစ်က ယူရို ၁၈ သန်းနဲ့ ရောက်ရှိခဲ့ပြီး ကစားသမားရဲ့ စာချုပ်ဟာ ၂၀၁၉-၂၀၂၀ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
(EFE_EPA)