ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တပ်မတော်သို့ တောင်းပန်စာပို့

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တပ်မတော်သို့ တောင်းပန်စာပို့

ဇူလိုင် ၁၆ ။                ။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တပ်မတော်သို့ တောင်းပန်စာပို့ခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၁၆ ရက်၊ ၅ နာရီ ၂၀ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လိပ်မူထားသည့် တောင်းပန်စာအား အမြန်ချောပို့ လမ်းကြောင်းဖြင့် ပေးပို့ခဲ့သည်ကို လက်ခံရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ ၊ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် နိုင်ငံရေး အကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က “အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး ဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ   ညွှန်ကြားရေးမှူးချုပ် Level ပဲ ဖြစ်ကြောင်း” ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်၏ အဆိုပါ ပြောဆိုခြင်းနှင့် ပတ်သက်၍ လိုအပ်သလို စိစစ်အရေးယူနိုင်ရန်အတွက် တပ်မတော်မှ နိုင်ငံတော် အစိုးရထံ တင်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly