အခွန်ရှောင်တိမ်းမှုအတွက် တရားစွဲဆိုခံရသည့် ရက်ပ်အဆိုတော် DMX

အခွန်ရှောင်တိမ်းမှုအတွက် တရားစွဲဆိုခံရသည့် ရက်ပ်အဆိုတော် DMX

အမေရိကန်ရက်ပ်အဆိုတော် DMX သည် ဒေါ်လာမီလျံပေါင်းများစွာ ဝင်ငွေရရှိခဲ့သော်လည်း အခွန်ရှောင်တိမ်း ခဲ့မှုကြောင့် သူ့ကို အမေရိကန်အစိုးရက တရားစွဲဆိုလိုက်သည်။

အမည်ရင်း အားလ်ဆိုင်မွန်ဖြစ်သော ရက်ပ်အဆိုတော် DMX ကို နယူးယောက်မြို့တွင် ကြာသာပတေးနေ့က ဖမ်းဆီးခဲ့ပြီး တရားရုံးတော်သို့ သောကြာနေ့တွင် တက်ရောက်ခဲ့ရသည်။

အဆိုတော်သည် လွန်ခဲ့သော ၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့သည့် X Gon' Give It To Ya နှင့် အခြားတေးသီချင်းများ အတွက် ဒေါ်လာမီလျံများစွာ အခွန်ပေးဆောင်ရမည်ဖြစ်သော်လည်း သူသည်ရှောင်တိမ်းခဲ့သောကြောင့် တရားဥပဒေချိုးဖောက်ခြင်းဖြစ်ကြောင်း တရားဥပဒေထိန်းသိမ်းရေး အရာရှိများက ပြောဆိုခဲ့ကြသည်။

အကယ်၍သူသည် စွဲချက်ပေါင်း ၁၄ခုတွင် အပြစ်ရှိကြောင်းထင်ရှားပါက ထောင်ဒဏ် ၄၄နှစ်အထိ ကျခံရဖွယ် ရှိကြောင်း သိရသည်။

“ အဆိုတော် DMX ဟာ အခွန်မဆောင်ဘဲ ရှောင်တိမ်းခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူဟာ ကိုယ်ပိုင် ဘဏ်အကောင့်တောင်မဖွင့်ဘဲ တခြားသူတွေရဲ့ အမည်နဲ့ ဘဏ်အကောင့်ဖွင့်သုံးစွဲခဲ့ပါတယ်။   ပြီးတော့သူ့ရဲ့ တစ်ကိုယ်ရေ အသုံးစရိတ်တွေကို ငွေသားနဲ့ပဲ ပေးချေခဲ့ပါတယ်” ဟု နယူးယောက်တောင်ပိုင်းမှ အမေရိကန် ရှေ့နေ ဂျွန်အိတ်ချ်ကင်မ်က ကြေညာချက်ထဲတွင် ပြောဆိုခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags