ဒါရိုက်တာ ဂျိုး ရိုက်ကူးထားသည့် Credit ဇာတ်လမ်းတို ဇူလိုင် ၁၉တွင် အွန်လိုင်း၌ ပြသမည်

ဒါရိုက်တာ ဂျိုး ရိုက်ကူးထားသည့် Credit ဇာတ်လမ်းတို ဇူလိုင် ၁၉တွင် အွန်လိုင်း၌ ပြသမည်

ရန်ကုန် ၊ ဇူလိုင် ၁၅ ။      ။ ဒါရိုက်တာ ဂျိုး ပုံဖော် ရိုက်ကူးထားသည့် Credit ဟု အမည်ပေး ထားသည့် ဇာတ်လမ်းတိုကို ဇူလိုင် ၁၉ရက်တွင် Myanmar Media 7 ဖေ့ဘုတ် စာမျက်နှာတွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။

Credit ဟု အမည်ပေး ထားသည့် ဇာတ်လမ်းတိုကို ဇာတ်လမ်း ရဲထွဋ် (Media 7) ဖြစ်ပြီး ဒါရိုက်တာ ဂျိုး မှ ရိုက်ကူးပုံဖော်ထားကာ သရုပ်ဆောင်များ အဖြစ် သရုပ်ဆောင် ဇင်ဝိုင်း နှင့် အဆိုတော် G Fatt တို့ ပါဝင် သရုပ်ဆောင်ထားကြသည်။

ထိုဇာတ်လမ်းတို သည် ခေတ်မီတိုးတက်လာသည့် လူ့ပတ်ဝန်ကျင်တွင် အင်တာနက်နှင့် ဆိုရှယ်မီဒီယာများကို အသုံးပြုမှုများ အလွန်ပင်များပြားပြီး အင်တာနက်ပေါ်တွင် ကဗျာ၊ ဓါတ်ပုံ၊ သီချင်း အစရှိသဖြင့် မိမိတို့၏ အနုပညာ လက်ရာများကို ဖန်တီးသူများက တင်ထားလိုက်ကြသည်။ ကြည့်ရှုသူ နှစ်သက်သူများကလည်း သိမ်းဆည်းခြင်း(Save) ၊ မျှဝေခြင်း(Share) များပြုလုပ်တတ်ကြသည်။ သို့သော် တစ်ချို့ကမူ မျှဝေခြင်း မဟုတ်ဘဲ Copy ကူးယူပြီး မိမိတို့ ဖန်တီးထားသယောင် တင်ပြမှုမျိုးလည်း ပြုလုပ်တတ်ကြသည့်အခါ မူရင်း ဖန်တီးသူ၏ စိတ်ခံစားချက်မှာ မည်သို့ရှိနေမည်ဆိုသည်ကို သိရှိနိုင်စေရန် ရိုက်ကူး ပုံဖော်ထားခြင်းဖြစ်သည်။

Credit ဇာတ်လမ်းတို သည် Myanmar Media 7 မှ အသစ်ထပ်မံ ရိုက်ကူးထားသည့် ဇာတ်လမ်းတို ၄ကား ထဲမှ တစ်ကားအပါအဝင်လည်း ဖြစ်ပြီး ကျန်သည့် ဇာတ်လမ်းတိုများမှာ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း နှင့် ပတ်သက်ပြီး ရိုက်ကူးထားသည့် SAFETY FIRST ဇာတ်လမ်းတို ၊ သားအဖ နှစ်ယောက်၏ ချစ်ခြင်း မေတ္တာကို ဖော်ကျူး ထားသည့် ONE LAST TIME ဇာတ်လမ်းတို ၊ ကံ အကျိုးပေး အကြောင်း ရိုက်ကူးထားသည့် Karma (ကံ) ဇာတ်လမ်းတို တို့ပဲ ဖြစ်သည်။

ထိုဇာတ်လမ်းတို အသစ်များအပြင် ယခင်က ဒါရိုက်တာ ဂျိုး ရိုက်ကူးပြီး သရုပ်ဆောင်များ အဖြစ် ကျော်သူ ၊ သူထူးစံ ၊ သတ္တိ ၊ ကောင်းခန့် ၊ G-Fatt တို့ ပါဝင်ထားကြသည့် Feedback ဆိုသည့် ဇာတ်လမ်းတိုသည်လည်း ပရိသတ် ကြည့်ရှုမှု များခဲ့သည့် ဇာတ်လမ်းတိုတစ်ခု ဖြစ်သလို ဒါရိုက်တာအောင်မြတ် ရိုက်ကူးပြီး သရုပ်ဆောင် မေသဉ္ဇာဦး ၊ ယွန်းယွန်းတို့ ပါဝင် သရုပ်ဆောင် ထားသည့်The Brightest Moon (အလင်းဆုံးလ)  ဇာတ်လမ်းတို ၊ ဒါရိုက်တာ ဇာနည် ရိုက်ကူး ပြီး သရုပ်ဆောင် ဥက္ကာမင်းမောင် ၊ သတ္တိ ၊ ကျော်ကျော် ၊ ဆန်းတိုးနိုင် ၊ ကောင်းမိုးယံ နှင့် ချောကလျာ တို့မှ ပါဝင် သရုပ်ဆောင်ထားသည့် Don’t Do That ဇာတ်လမ်းတို ၊ ဒါရိုက်တာ သြရသ ရိုက်ကူးပြီး သရုပ်ဆောင် နေတိုး ၊ အေးမြတ်သူ ပါဝင် သရုပ်ဆောင် ထားသည့် လက်ဆောင်ဇာတ်လမ်းတို အပြင် တခြားဇာတ်လမ်းတို များကိုလည်း ရိုက်ကူးခဲ့ပြီး အွန်လိုင်းတွင် ပြသခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags