တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/သူများအား ပြည်နယ်အစိုးရမှ ဆုချီးမြှင့်မည်

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/သူများအား ပြည်နယ်အစိုးရမှ ဆုချီးမြှင့်မည်
ဓာတ်ပုံ - နောင်နောင်/RiA

စစ်တွေ၊ ဇူလိုင် ၁၄  ။           ။ ရခိုင်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်တွင် ကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာအသီးသီးအလိုက် ဂုဏ်ထူးဖြင့်အောင်မြင်သော စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် မောင်တောခရိုင်တို့မှ ကျောင်းသား ကျောင်းသူများကို ပြည်နယ်အစိုးရမှ ဂုဏ်ပြုသောအားဖြင့် ဆုချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း ပြည်နယ် ပညာရေးရုံးမှ သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စစ်တွေမြို့တွင်ရှိသော ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ  မြို့နယ်ခရိုင် (၃) ခရိုင်တွင် ဂုဏ်ထူးရရှိသော ကျောင်းသား ကျောင်းသူပေါင်း (၄၆၂) ယောက်ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

“ဇူလိုင်လ ၁၆ ရက်နေ့မှာ ဂုဏ်ထူးရတဲ့ကျောင်းသူ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နဲ့  မောင်တောခရိုင်က   အောင်တဲ့ ကျောင်းသူကျောင်းသားတွေ ကိုပဲ ဆုချီးမြှင့် ပေးသွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ကျောက်ဖြုခရိုင်နှင့် သံတွဲခရိုင်က ကျောင်းသူ ကျောင်းသားတွေကိုတော့ အဲဒီကျောက်ဖြူမြို့မှာပဲ ပေးဖို့ စီစဉ်ထားပါတယ်။”ဟု ဆရာကြီး ဦးအောင်ကျော်ထွန်းက ပြောသည်။

အဆိုပါ ဂုဏ်ထူးရရှိသော စစ်တွေခရိုင်၊ မြောက်ဦးခရိုင်နှင့် မောင်တောခရိုင်တို့မှ ကျောင်းသား ကျောင်းသူများကိုသာ စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကာ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့မှ ကျောင်းသား ကျောင်းသားများကို ကျောက်ဖြူမြို့တွင် သီးသန့်ဆုပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဆုရရှိသော ကျောင်းသား ကျောင်းသူများအား ၁ ဘာဂုဏ်ထူးရှင် တစ်ဦးလျှင် (၅၀၀၀၀) ကျပ်၊ ၂ ဘာသာဂုဏ်ထူးရှင် တစ်ဦးလျှင် (၁)သိန်း၊ ၃ ဘာသာဂုဏ်ထူးရှင် တစ်ဦးလျှင် (၃)သိန်း ၊ ၄ ဘာသာဂုဏ်ထူးရှင် တစ်ဦးလျှင် (၈) သိန်း၊ ၅ ဘာ သာဂုဏ်ထူးရှင် တစ်ဦးလျှင် (၁၅) သိန်းနှင့် ၆ ဘာသာ ဂုဏ်ထူးရှင် တစ်ဦးလျှင် ကျပ်သိန်း (၂၀) စသည်ဖြင့် အသီးသီးဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly