မန်ချက်စတာမြို့ခံနှစ်သင်း ပျားအမှတ်တံဆိပ်ဝတ်ဆင်မည်

မန်ချက်စတာမြို့ခံနှစ်သင်း ပျားအမှတ်တံဆိပ်ဝတ်ဆင်မည်

ဇူလိုင် ၁၄၊ မန်ချက်စတာ။              ။ မန်ချက်စတာယူနိုက်တက်နှင့် မန်ချက်စတာစီးတီးအသင်းတို့သည် မန်ချက်စတာအရီနာပေါက်ကွဲမှုဒဏ်ကိုခံခဲ့ရသူများအတွက် ရည်ညွှန်းပြီး ဒါဘီပွဲစဉ်တွင် ပျားအမှတ်တံဆိပ်ပါ အင်္ကျီများဝတ်ဆင်ကြမည်ဖြစ်သည်။

ပွဲအပြီးတွင် We Love Manchester Emergency Fund အတွက် ရန်ပုံငွေထောက်ပံ့ရန် ယင်းအင်္ကျီများကို လေလံတင်ရောင်းချ သွားမည်ဖြစ်သည်။

လူ ၂၂ ဦးသေဆုံးခဲ့ရသည့် မေ ၂၂ ပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ခံစားခဲ့ရသူများအတွက် ရန်ပုံငွေမှာ ပေါင် ၁၂ သန်းကျော် ရှိလာခဲ့ပြီဖြစ်သည်။

မန်စီးတီးအသင်း၏ အမှုဆောင်ချုပ်ဆိုရီယာနိုက ကစားသမားများသည် ဇူလိုင် ၂၀ တွင် အမေရိကန်နိုင်ငံ၊ ဟောက်စတန်၌ ကစားမည့်ပွဲ၌ ပျားအမှတ်တံဆပ်ပါအင်္ကျီကို ဂုဏ်ယူစွာဖြင့် ဝတ်ဆင်ကြလိမ့်မည်ဟုပြောသည်။

အဆိုပါပွဲစဉ်မှာ ယင်းနှစ်သင်းအတွက် အင်္ဂလန်ပြင်ပတွင် ပထမဆုံးအကြိမ်အဖြစ်ထိပ်တိုက်တွေ့သည့်ပွဲဖြစ်ပြီး မန်ချက်စတာ ဖျော်ဖြေပွဲပြီးနောက် ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်းဖြစ်သည်။

ပျားသည် စုစည်းညီညွတ်မှု၏ပြယုဂ်တစ်ခုဖြစ်လာခဲ့ပြီး ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် ရာပေါင်းများစွာသောလူများသည် ပျားပုံ ဆေးမင်ကြောင်များ ထိုးလာကြသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required