လာမည့် ၃ ရက်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်မြို့ကြီး ၄ မြို့တွင် စိုးရိမ်ရေမှတ် ရောက်ရှိမည်

လာမည့် ၃ ရက်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်မြို့ကြီး ၄ မြို့တွင် စိုးရိမ်ရေမှတ် ရောက်ရှိမည်

ဇူလိုင် ၁၃ ။           ။ လာမည့် ၃ ရက်အတွင်း  ဧရာဝတီမြစ်ရိုးတလျှောက်ရှိ  မြို့ကြီး ၄ မြို့တွင် စိုးရိမ်ရေမှတ်အထိ ရောက်ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မြစ်ရေအခြေအနေ သတိပေးချက် ခန့်မှန်းထားသည်။

"ဧရာဝတီမြစ်ရေသည် နောက်(၁)ရက်မှ(၃)ရက်အတွင်း မြစ်ရိုးတလျှောက် ရှိမြို့ကြီးဖြစ်ကြသည့် ပခုက္ကူ၊ ညောင်ဦး၊ ဟင်္သာတ၊ ဇလွန် မြို့ကြီးတို့တွင် အဆိုပါမြို့ကြီးများအသီးသီးတို့၏  သတ်မှတ်စိုးရိမ်ရေအမှတ်များကို ရောက်ရှိလာနိုင်ပါတယ်" ဟုဦးထွန်းလွင်က ဇူလိုင်လ ၁၃ ရက်က ည ၈ နာရီခန့်က ခန့်မှန်းထားသည်။  

ပခုက္ကူရေဘေး ကြိုတင်ပြင်ဆင်နေမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ-ပြည့်ဖြိုးကျော်

ဧရာဝတီမြစ်ရေအနေဖြင့် ပခုက္ကူမြို့နယ်အတွင်း ဇူလိုင်လ ၁၂ရက်နေ့ နံနက်တိုင်းတာချက်အရ ၂၁၂၂စင်တီမီတာရှိနေပြီး စိုးရိမ်ရေအမှတ်အောက် ၁ပေတွင် တည်ရှိနေကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်း မြစ်ကမ်းနှင့်နီးစပ်သည့် ကျေးရွာအချို့မှ ဧရာဝတီမြစ်ရေတက်လာသည့်အခါ ပြောင်းရွှေ့နေထိုင်ရေးအတွက် ပခုက္ကူမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ရန် စတင်ဆောင်ရွက်နေသည်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရေကြီးရန် စိုးရိမ်ရသည့် ချင်းတွင်းမြစ်ရေသည် ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ မြို့ကြီးများဖြစ်သော ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ အစရှိသော မြို့ကြီးများအသီးသီး၏ သတ်မှတ်စိုးရိမ်ရေအမှတ်များအထက်တွင် အများအားဖြင့် ၂ ရက်မှ ၃ ရက်အထိ ဆက်လက်တည်ရှိနေနိုင်သည်ဟု သူ့လူမှုကွန်ရက်ကနေတဆင့် သတိပေးထားသည်။

ထို့ပြင် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၏ သတ်မှတ်စိုးရိမ်ရေအမှတ်ကို လာမည့် ၁ ရက်အတွင်းရောက်ရှိလာနိုင်ကြောင်း DMH ကို ကိုးကားပြီး ဒေါက်တာထွန်းလွင်က ခန့်မှန်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required