အမေရိကန်က ရေဘေးအတွက် ကန်ဒေါ်လာ ၆၀၀,၀၀၀ လတ်တလောအကူအညီ ပေးမည်

အမေရိကန်က ရေဘေးအတွက် ကန်ဒေါ်လာ ၆၀၀,၀၀၀ လတ်တလောအကူအညီ ပေးမည်

ရန်ကုန် (မဇ္ဈိမ) ။ ။ အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ရေဘေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ ကို လတ်တလော အကူအညီအဖြစ် ပေးအပ်မည်ဟု သတင်းထုတ်ပြန်သည်။

အမေရိကန် အစိုးရက အကူအညီ ပေးရာတွင် USAID ၏ ပြည်ပကပ်ဘေးကူညီရေးဌာန (OFDA)မှ တစ်ဆင့် လက်တလော အကူအညီအဖြစ် ပေးအပ်မည်ဖြစ်ပြီး ဘေးဒဏ်သင့် လူ့အဖွဲ့အစည်းများ၏ အရေးပေါ် လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် အတွက်လည်း အမေရိကန်မှ အဖွဲ့တစ်ဖွဲ့သည် ဒေသဆိုင်ရာ ဝန်ထမ်းများ၊ အတူလက်တွဲလုပ်ဆောင်နေကျ အဖွဲ့အစည်းများနှင့်အတူ အနီးကပ်ပူးပေါင်း ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

အမေရိကန် အစိုးရ အနေဖြင့်လည်း ဆက်လက်၍ အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်ပြီး အကူအညီလိုအပ်နေသော သူများကို အကောင်းဆုံး ကူညီနိုင်ရန် လက်တွဲဖော်အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly