ဆိုးချင်တာရယ် ကျန်းမာရေးရယ်နဲ့ တွဲထားတယ်ဆိုတဲ့ အဆိုတော် ရင်ဂို နှင့်တွေ ့ဆုံခြင်း (အပိုင်း ၂)

ဆိုးချင်တာရယ် ကျန်းမာရေးရယ်နဲ့ တွဲထားတယ်ဆိုတဲ့ အဆိုတော် ရင်ဂို နှင့်တွေ ့ဆုံခြင်း (အပိုင်း ၂)

မေး- ပရိတ်သတ်က ရင်ဂို ဆိုလို့ရှိရင် တက်တူးတွေနဲ့တွဲပြီးမြင်တယ်ပေါ့နော် ။တချို့ကလည်း အဲဒါကို သိချင်နေကြတယ် ။ တက်တူးတွေပေါ်မှာထားတဲ့ ခံစားချက်လေး ။

ဖြေ- ဒါကတော့လေ အစ်ကိုက ၁၂နှစ် ၁၃နှစ်သားထဲက လမ်းဘေးမှာ ထိုးခဲ့တာ။ ဒါကြောင့် တက်တူးကို တအားနှိမ်ရင် မကြိုက်ဘူး။ ဟိုတနေ့ကလည်း သတင်းတစ်ခုဖတ်လိုက်ရတယ်။ တက်တူးထိုးပြီး ပင်လယ်ကမ်းခြေဆင်းလို့  ပိုးဝင်ပြီးသေတယ်။ ဒါ သိပ်တော့ အဓိပ္ပါယ် မရှိဘူး။ တကိုယ်ရေသန့်ရှင်းမှုမရှိလို့ဖြစ်တာ။ သိမှာပေါ့ ဒီခေတ်က အပ်တစ်ချောင်းထိုး တစ်ချောင်းလွှင့်ပစ်တာလေ။ ထိုးတဲ့သူကလဲ လက်အိတ်နဲ့ထိုး။ ဟို မဖြစ်သွားဘူးလို့တော့ မပြောဘူး။  ရောဂါ မကူးနိုင်တဲ့အဆင့်အထိလုပ်မှာပေါ့။  အစ်ကိုဆို ၁၃နှစ်သားထဲ ကခုဆို အသက်၅၀ရှိပြီ ဝါသနာပါလို့ထိုးတာ။ ပန်းချီကားမစုဖူးဘူး။ မစုတတ်ဘူးပေါ့ပန်းချီကားကို ကိုယ့်အရေပြားပေါ်မှာပ ဲစုတယ်။ ဒါ ကိုယ့်ခံစားချက်နော်။ ပိတ်ကားပေါ်ရေးပြီးစုတဲ့ လူကြီးလူကောင်း   တွေစော်ကားတာမဟုတ်ဘူး။   ရေချိုးလည်းမပျက် ၊ မိုးရေထဲထွက်လည်း မပျက်တဲ့ဒီအရေပြားပေါ်မှာ ကင်းဘတ် လိုသဘောထားပြီး ထိုးတာ။ ထိုးခဲ့တာ နိုင်ငံခြားမှာရော ဒီမှာရော၊ လမ်းဘေးမှာရော သူတို့ စိတ်ထဲရှိတာ ထိုးခိုင်းတာ ။ သူတို့စိတ်ကြိုက်ပန်းချီလေးတွေ စုတာ။ ပန်းချီကားကို နှစ်သက်ပါတယ်။ Park Royal မှာ ချိတ်ထားတာတွေ အရမ်းလိုချင်တာ။ ငွေရေးကြေးရေးအရ မတတ်နိုင်လို့ ကိုယ့် အရေပြားပေါ်မှာပဲ ပန်းချီလေးတွေကို  ငယ်ငယ်ထဲက စုခဲ့တာပါ။

မေး- မိဘတစ်ယောက်အနေနဲ့သားဆိုရင်လည်း Big Bag ဆိုပြီးတော့အောင်မြင်တဲ့ အဆိုတော် ဖြစ်နေပြီ ။သမီးဆိုလည်း ဒီRock School လို သင်တန်းကျောင်းကို ဦးစီးလုပ်ကိုင်နေပြီ ဆိုတော့ မိဘတစ်ယောက်အနေနဲ့ သူတို့ကို စိတ်ချလက်ချဖြစ်သွားပြီပေါ့ ။

ဖြေ- အင်း ၈၀ ရာခိုင်နှုန်းလောက်တော့ စိတ်ချပါပြီ။ သိတဲ့အတိုင်းမိဘနဲ့ သားသမီးဆိုတာကတော့ ဒီအရွယ်ထိ သားလေးဆိုပြီးထမင်းခွ ံ့ကျွေးတုန်းမလား ။ ဘယ်တော့မှကြီးတယ်လို့မမြင်ဘူးလေ။ သူမသေသေးသရွေ့ကတော့လေ။  အစ်ကိုဆိုရင် သူတို့ကို ဆရာမလုပ်ဘူး ၊အတင်းအကျပ်မခိုင်းဘူး ..ဒါပေမယ့် ကို ယ့်ပြောစကားလေးတော့ နည်းနည်း နားထောင်စေချင်တဲ့ဆန္ဒတော့ ၂၀ ရာခိုင်နှုန်းလောက်တော့ ရှိသေးတယ်။ ၈၀ရာခိုင်နှုန်းကတော့ သူတို့ကြိုက် တာလုပ် ။ သူတို့ကို ဆရာလည်း မလုပ်ဘူး။ သူတို က ကိုယ့်ထက်ပိုတော်တယ် ၊ပိုတတ်တယ်။ ဘာလို့ဆို ဆယ်စုနှစ် ၂ခုလောက် ကွာတဲ့ကလေး ကိုဆရာသွားလုပ်ရင် သိပ်အဓိပ္ပါယ်မရှိဘူးလို့ထင်တာပဲ ။

မေး- ကိုရင်ဂို အနေနဲ့နောက်ထပ်လုပ်ဆောင်သွားမယ့် အနုပညာလုပ်ဆောင်မှုလေးတွေပြောပြပါဦး

ဖြေ-့နောက်ထပ်လုပ်ဆောင်သွားမယ့် အနုပညာက ကိုယ့်ကို ဆိုစေချင်တဲ့သူခေါ်ရင် ဆိုမယ်။ ဆိုချင်တဲ့ နေရာမှာဆိုမယ် ။ စာလေးတွေ ဆက်ရေးမယ် ။ ကိုယ် ပြောပြချင်တာလေးတွေ ရိုးရိုးသားသားရေးမယ် ။ကိုယ်တတ်သလောက် သီချင်းလေးတွေရေးမယ် ။ ရေးပြီးရင် Emperor နဲ့ အသံသွင်းမယ် ။ကိုယ်လည်း ဝင်တီးရင်တီးမယ် ။ အဲဒါကို စင်ပေါ်မှာဆိုခွင့် ရရင်ပျော်တယ် ။ ဆိုခွင့်ရအောင်လဲကြိုးစားမယ် ။ ကိုယ့်သီချင်းကို လူလက်ခံတယ်ဆိုရင် သူတို့အရှေ ့မှာ လာဆိုခိုင်းမှာပဲလေ။ စာရေးမယ် အေးအေးချမ်းချမ်းနေမယ် ဒါပါပဲ ။

မေး- ဟို နောက်တခုကတော့ အရေးကြီးတဲ့မေးခွန်းပါ ကျွန်တော်တို့အရင် ဟိုးလွန်ခဲ့တဲ့ နှစ်၂၀လောက်က ဆုံခဲ့တိုင်း ခုထိအရွယ်လည်း မကျသွားဘူး။ အသံလည်း မကျသွားဘူး ။ အဲဒါ တွေက ဘယ်လို Life Style နဲ့နေ နေတာပါလဲ ။

ဖြေ- ဘယ်သူ့ကိုပြောနေတာလဲ (ရယ်လျှက်) ။ အဖိုးကြီးပါ မြေးတောင် ၂ယောက်ရနေပြီ ။ အေးဆေးပါ ။ ရှင်းရှင်းပြောရရင်တော့  သောက်တယ် စားတယ် လေလွင့်တယ် ဒါပေမယ့် ကျန်းမာရေးတစ်ခု လုပ်တယ် ။ ရေကူးတယ် ။ မနက်ဆို လမ်းလျှောက်တယ် ။ ဒါမလုပ်ဘဲ၊ မတွဲဘဲနဲ့ တော့ ကိုယ်ဆိုးချင်တာချည်း ဆိုးနေရင်နေတော့ လစ်သွားမှာပဲလေ ။ဆိုးချင်တာရယ်၊ ကျန်းမာရေးရယ် တွဲထားတာပါ ။ သိပ်တော်တဲ့ကောင်မဟုတ်ပါဘူး ။

မေး- ဟုတ်ကဲ့ ဒီအစီစဉ်ကနေ ပရိသတ်ကို အစ်ကို့အနေနဲ့ ဘာများပြောချင်ပါလဲ။

ဖြေ- ပရိသတ်ကိုတော့လေ မြန်မာလူမျိုးဆိုတော့ ကျေးဇူးတင်ပါတယ် လို့ပဲပြောချင်ပါတယ်။ သီချင်းလေးတွေ နားထောင်ပေးစေချင်တယ် ကြိုက်ကြိုက်၊ မကြိုက်ကြိုက် နားလေးနဲ့ နားထောင်ပေးစေချင်ပါတယ် ။

ကိုယ်ပိုင်သံစဉ်ဆိုရတာ လွတ်လပ်ရေးရနေသလိုပဲဆိုတဲ့ ရင်ဂို  အပိုင်း(၁ )အပြည့်အစုံ - http://www.mizzimaburmese.com/article/29373

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly