ပုဂ္ဂလိကမီဒီယာတွေကို အစိုးရအသိအမှတ်မပြုတဲ့ ကိစ္စ ရှိနေကြောင်း မစ္စယန်ဟီးလီကို စာနယ်ဇင်းကောင်စီ အသိပေးခဲ့

ပုဂ္ဂလိကမီဒီယာတွေကို အစိုးရအသိအမှတ်မပြုတဲ့ ကိစ္စ ရှိနေကြောင်း မစ္စယန်ဟီးလီကို စာနယ်ဇင်းကောင်စီ အသိပေးခဲ့

ရန်ကုန် ၊ ဇူလိုင် ၁၃ ။           ။ ပုဂ္ဂလိက သတင်းမီဒီယာတွေကို အစိုးရအနေနဲ့ အသိအမှတ်ပြုတာ အားနည်းမှုတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစာတမ်းတင်သွင်းသူ မစ္စ ယန်ဟီးလီနဲ့ တွေ့ဆုံရာမှာ ပြောဆိုဆွေးနွေးဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ဆိုပါတယ်။

"၆၆ ဃ တွေ ပုဒ်မ ၁၇/၁ တွေ အဲ့ကိစ္စတွေကို သူ့ကို ရှင်းပြတယ်။ သတင်းမီဒီယာကောင်စီက ဆောင်ရွက်နေတာတွေ ရှင်းပြတယ်။ သူနားလည်တယ်၊ ဒါပေမယ့် ပုဂ္ဂလိက မီဒီယာကဏ္ဍကို အစိုးရက အသိအမှတ်ပြုတာ လိုသေးတယ်လို့ ကျွန်တော်ထင်တယ်" လို့ ဦးသီဟစောက ဆိုပါတယ်။

ဒီကနေ့ ညနေ က ရန်ကုန်မြို့ရှိ သတင်းမီဒီယာကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစာတမ်း တင်သွင်းသူ မစ္စ ယန်ဟီးလီနဲ့ ကောင်စီဝင် လူကြီးတွေ တွေ့ဆုံမှုအပြီးမှာ ဦးသီဟစောက အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။

ဒါအပြင် "ဒီအစိုးရလက်ထက်မှာ နိုင်ငံ့အကြီးအကဲ အစိုးရတာဝန်ရှိသူတွေနဲ့ တစ်ယောက်မှ တွေ့ခွင့်မရသေးပါဘူး၊ ကျွန်တော်တို့ ရှင်းပြချင်တာရှိပါတယ်" လို့ သတင်းမီဒီယာကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ ဦးအောင်လှထွန်းက ဆိုပါတယ်။

လက်ရှိအချိန်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းမီဒီယာတွေ ရှိနေသလို မတရားအသင်းနဲ့ ဆက်သွယ်ဆောင်ရွက်မှု ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ တရားအစွဲခံရတဲ့ သတင်းသမားတွေ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required