သံပရာပင်စိုက်ပျိုးခြင်း အပိုင်း (၄)

13 July 2017
သံပရာပင်စိုက်ပျိုးခြင်း အပိုင်း (၄)

သံပရာပင်တွေကိုတော့ ၃နှစ်ကြာတဲ့ အခါမှ အသီးကို စပြီး ပေးသီးရမှာ ဖြစ်ပါတယ်။ ၃ နှစ်မတိုင်ခင် အသီးသီးမယ်ဆိုရင်တော့ အပင်အားနည်းတတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

၃ နှစ်သားအပင်ကိုတော့ အသီး ၅၀၀ ရာခန့်စတင် ယူရမှာဖြစ်ပြီး ၅ နှစ်ခန့်ရောက်မှသာ အသီးအားလုံးကို ယူရမှာဖြစ်ပါတယ်။ မိုးတွင်းဘက်မှာတော့ အသီးများတတ်ပြီး နွေဘက်မှာတော့ အသီးအနည်းတတ်ပါတယ်။

မိုးနည်းတဲ့ အရပ်ဒေသတွေမှာတော့ နွေရာသီမှာ အသီးများ အောင်လုပ်ရတာ လွယ်ကူပေမယ့် မိုးများတဲ့ အရပ်ဒေသမှာတော့ နွေ အသီးများအောင် လုပ်ရတာဟာ မလွယ်ကူပါဘူး၊ နွေရာသီ အသီးများများ သီးဖို့ကတော့ အပင်ကို ပေါင်းမြက်များ ရှင်းလင်းပေါ်ရမှာ ဖြစ်ပါတယ်။

၁၀ လပိုင်းလောက်မှာ ပေါင်းရှင်းထားရပါမယ်။ အရွက်တွေကြွေလာပြီး အရွက်နုတွေဝေလာပြီဆိုရင်တော့ NPK ကို ၆ နှစ်သက်တမ်းရှိတဲ့ သံပရာတစ်ပင်လျှင် ၃ဗူးနူန်းလောက် အပင်ပတ်ပတ်လည်ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။

ရေသွင်းရေလောင်းခြင်းကို နေ့ စဉ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

၆နှစ်ဝန်းကျင် လောက်မှာရှိတဲ့ အပင်ကတော့ တစ်ကြိမ်သီးလျှင် အသီးပေါင်း ၃၀၀၀ခန့် အထိ သီးနိုင်ပါတယ်။

သံပရာပင်တွေမှာ ကျရောက်တဲ့ ပိုးကတော့ အပင်ဖောက်ပိုးပဲဖြစ်ပါတယ်။ ကျရောက်တတ်တဲ့ ရောဂါတွေကတော့ အမြစ်ပုပ်ရောဂါပဲ ဖြစ်ပါတယ်။ သံပရာပင်ကတော့ နှစ်ရှည်ခံပင်ဖြစ်တဲ့အတွက် နှစ်ပေါင်း ၄၀ကျော်ထိ ခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

အပိုင်း(၁)အား ကြည့်ရန်-http://www.mizzimaburmese.com/article/28876

အပိုင်း(၂)အားကြည့်ရန်-http://www.mizzimaburmese.com/article/29005

အပိုင်း(၃)အားကြည့်ရန်-http://www.mizzimaburmese.com/article/29130

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly