ဂျော်ဂျီယာ၌ အဖမ်းခံခဲ့ရသည့် ဖြစ်ရပ်နှင့်ပက်သက်၍ ရှိုင်းယာလာဘတ်ဖ် ၀န်ချတောင်းပန်

ဂျော်ဂျီယာ၌ အဖမ်းခံခဲ့ရသည့် ဖြစ်ရပ်နှင့်ပက်သက်၍ ရှိုင်းယာလာဘတ်ဖ် ၀န်ချတောင်းပန်

အမေရိကန်မင်းသား ရှိုင်းယာလာဘတ်ဖ်သည် လွန်ခဲ့သောအပတ်က လူမြင်ကွင်း၌ မူးယစ်ရမ်းကားခဲ့ပြီး စည်းမဲ့ကမ်းမဲ့အပြုအမူများ ပြုလုပ်ခဲ့သောကြောင့် ရဲအရာရှိများက သူ့ကိုဖမ်းဆီးခဲ့ချိန်တွင် အော်ကြီးဟစ်ကျယ် ဆဲရေးတိုင်းထွာခဲ့မိသည့်အတွက် ဗုဒ္ဓဟူးနေ့က ဝန်ချတောင်းပန်ခဲ့သည်။

Transformers ဇာတ်ကားများ၏ မင်းသားဖြစ်သူက သူ၏အပြုအမူအတွက် အလွန်ရှက်ရွံ့မိကြောင်းနှင့် သူ့ကို ဖမ်းဆီးခဲ့သော ရဲအရာရှိများကို စိတ်ရင်းဖြင့်တောင်းပန်ယုံသာမက သူ့ကိုထိန်းသိမ်းပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း သူ၏တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။

အသက် ၃၁နှစ်အရွယ်ရှိ လာဘတ်ဖ်သည် ပြီးခဲ့သော စနေနေ့အစောပိုင်းက ဆာဗားနားဟိုတယ်အခန်းထဲတွင် အဖမ်းခံခဲ့ရပြီး နာရီအနည်းငယ်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က   ပြောခဲ့သည်။

ပြီးခဲ့သောအင်္ဂါနေ့က ဆာဗားနားရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သော ဗီဒီယိုမှတ်တမ်းဖိုင်ထဲတွင် လာဘတ်ဖ်သည် လက်ထိပ်ခတ်ခံထားရပြီး အလွန်စိတ်ဆိုး ဒေါသထွက်နေခဲ့ပုံရကာ အမျိုးသားနှင့် အမျိုးသမီး ရဲအရာရှိများကို အော်ဟစ်၍ ဆဲရေးတိုင်းထွာခဲ့သည်ကို တွေ့မြင်ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly