မအေးသောင်းပါ၀င်တဲ့ မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲ စတင် ရိုက်ကူး

မအေးသောင်းပါ၀င်တဲ့ မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲ စတင် ရိုက်ကူး

ရန်ကုန် ၊ ဇူလိုင် ၁၃ ။             ။ မင်္ဂလာရှိတဲ့အရပ် ဟု အမည်ပေးထားသည့် ရုပ်သံ ဇာတ်လမ်းတွဲကို ဇူလိုင် ၄ရက်နေ့မှ စတင်ပြီး ဒါရိုက်တာ သြရသမှ ရန်ကုန်မြို့တွင် စတင်ရိုက်ကူး ပုံဖော်နေပြီး မအေးသောင်းနှင့်အတူ ဆိုရှယ်မီဒီယာတွင် လူသိများသော Kelvin Kate ပါ ပါဝင်ရိုက်ကူးနေခြင်း ဖြစ်သည်။

ထို ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ ဩရသ က  ရိုက်ကူး ပုံဖော်ခြင်း ဖြစ်ကာ သရုပ်ဆောင်များအဖြစ် သရုပ်ဆောင် မြင့်မြတ် ၊ စည်ဖြိုး ၊ Kelvin Kate ၊ အေးဝတ်ရည်သောင်း ၊ နွဲ့ဒါလီထွန်း တို့မှ အဓိက ပါဝင် သရုပ်ဆောင် ကြကာ ဇာတ်လမ်း ၊ ဇာတ်ညွှန်း နေစိုးသော် မှ ရေးသားထားသည်။

လူသားတွေ အနေဖြင့် ကိုယ် တစ် ကယ် ပျော်ရွှင် ချမ်းမြေ့ပြီး ကိုယ့်အတွက် မင်္ဂလာရှိသည့်အရပ်ကို ရွေးချယ်ကာ ကိုယ့်ဘဝကို အကောင်းဆုံး ဖြတ်သန်းသင့်သည် ဆို တာကို ပေးချင် သည့် ဇာတ်လမ်းတွဲ တစ်ခုလည်း ဖြစ်ကာ Myanmar Media 7 မှ စီစဉ်ခြင်း ဖြစ်သည်။

လက်ရှိ တွင် ယင်းကုမ္ပဏီ မှ ရိုက်ကူးထားသည့် ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲကို Mntv ရုပ်သံလိုင်း တွင် ထုတ်လွှင့် ပြသလျက် ရှိပြီး မအေးသောင်းခေါ် အေးဝတ်ရည်သောင်း အဓိက ပါဝင်ကာ ပရိသတ် အားပေးမှု ရရှိထားသည့် ရုပ်သံဇာတ်လမ်းတွဲ တစ်ခု လည်း ဖြစ် သည်။

 မင်္ဂလာရှိတဲ့အရပ် ဇာတ်လမ်းတွဲကို ရန်ကုန်မြို့အပြင် ပြင်ဦးလွင်မြို့ရှိ ကျေးရွာများတွင် သွားရောက် ရိုက်ကူး မည် ဖြစ်ပြီး ကျေးရွာ၏ ဓလေ့ စရိုက်အပေါ် အခြေခံပြီး ရိုက်ကူးမည့် ကျေးလက် ဟာသ ဇာတ်လမ်း တစ်ခု လည်း ဖြစ်သည်။

 မင်္ဂလာရှိတဲ့အရပ် ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးပုံဖော်ပြီးပါက ၂ဝ၁၇ခုနှစ် စက်တင်ဘာလ ထဲတွင် Mntv ရုပ်သံလိုင်း နှင့် Channel 9 ရုပ်သံလိုင်းတို့၌ စတင် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly