ဂုဏ်ထူးဆောင် မန်ချက်စတာမြို့သူအဖြစ် ချီးမြှောက်ခံရသည့် အာရီရာနာဂရန်ဒီ

ဂုဏ်ထူးဆောင် မန်ချက်စတာမြို့သူအဖြစ် ချီးမြှောက်ခံရသည့် အာရီရာနာဂရန်ဒီ

ပြီးခဲ့သောမေလက အားကစားကွင်းထဲရှိဖျော်ဖြေပွဲ၌ အသေခံဗုံးပေါက်ကွဲခဲ့မှုကြောင့် ကွယ်လွန်ခဲ့သူများအတွက် ပြုလုပ်ပေးခဲ့သော ကောင်းမွန်သည့်လုပ်ဆောင်ချက်များကြောင့် အမေရိကန်အဆိုတော် အာရီရာနာဂရန်ဒီကို ဂုဏ်ထူးဆောင် မန်ချက်စတာမြို့သူအဖြစ် ချီးမြှောက်ခဲ့ကြသည်။

မန်ချက်စတာမြို့တော်ကောင်စီဝင်များသည် အထူးအစည်းအဝေးပွဲတစ်ခုပြုလုပ်၍ ယခုလိုချီးမြှင့်ရန် ဆုံးဖြတ် ချက်ကို တညီတညွတ်တည်း ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

ဂရန်ဒီသည် သူမ၏ဖျော်ဖြေပွဲ၌ အသေခံဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၂၂ဦးသေဆုံးခဲ့ရသည့် ဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရပြီးနောက် နှစ်ပတ်အတွင်း၌ မန်ချက်စတာသို့ပြန်လာကာ One Love Manchester ဟု အမည်ပေးထားသော ရန်ပုံငွေဖျော်ဖြေပွဲ တစ်ခုကိုကျင်းပပြီး ကွယ်လွန်ခဲ့သူများကို ထောက်ပံ့ပေးခဲ့သည်။

မန်ချက်စတာကောင်စီခေါင်းဆောင် ဆာရစ်ချက်လက်စီက အကယ်၍ သူမသည် မန်ချက်စတာသို့ မပြန်လာခဲ့လျှင်လည်း နားလည်ပေး၍ရကြောင်း ပြောခဲ့သည်။

“ဒါပေမယ့် သူမပြန်လာခဲ့ပါတယ်။ ဒါ့အပြင် ထောင်နှင့်ချီသော မြို့သူမြို့သားတွေကို ဖြေသိမ့်ပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ ရန်ပုံငွေသန်းပေါင်းများစွာကိုလည်း ရှာဖွေပေးခဲ့ယုံသာမက ရန်ပုံငွေထဲကို သူမကိုယ်တိုင် ပထမဦးဆုံး ထည့်ဝင်လှူဒါန်းခဲ့ပါတယ်” ဟု သူက ပြောခဲ့သည်။

“ဒါကြောင့် ကျနော်ဟာ အာရီရာနာဂရန်ဒီကို ဂုဏ်ထူးဆောင် မန်ချက်စတာမြို့သူအဖြစ် ချီးမြှောက်ပေးဖို့ အဆိုပြုခဲ့ပါတယ်” ဟု သူက ဆက်လက်ရှင်းပြခဲ့သည်။

လောလောဆယ်တွင် အာရီရာနာဂရန်ဒီကို ဂုဏ်ထူးဆောင်မြို့သူအဖြစ် ချီးမြှောက်သည့်အခမ်းအနားကို ကျင်းပရန် အစီအစဉ်မရှိသေးကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required