ရုံးတက်​ရုံးဆင်​းချိန်​၌ YBS ကားမှတ်တိုင်များတွင် အ​ကြွေလဲလှယ်​​ပေးနေပြီ

ရုံးတက်​ရုံးဆင်​းချိန်​၌ YBS ကားမှတ်တိုင်များတွင် အ​ကြွေလဲလှယ်​​ပေးနေပြီ
ဓာတ်ပုံ - ဦးကိုကိုနိုင်

ရန်ကုန်၊ဇူလိုင်၁၃ ။             ။ ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသွားပြည်သူများအတွက် အကြွေလဲလှယ်ပေးမည့်ဝန်ဆောင်မှုကို  YUPT ကုမ္ပဏီမှ ယနေ့ ဇူလိုင်လ ၁၃ မနက်မှ စတင်လိုက်ပြီး ယာဉ်နောက်လိုက်အချို့ကို ဝန်ထမ်းများအဖြစ် ပြောင်းလဲပြီး ပြန်လည်ခန့်ထားလိုက်ခြင်းဖြစ်သည်။

အဆိုပါ အကြွေလဲလှယ်ပေးသည့် ဝန်ဆောင်မှုကို အခမဲ့လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ယနေ့မှ စတင်ကာ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း YUPT (ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး ) ကုမ္ပဏီမှ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ဆိုသည်။

"မနက် ၆ နာရီကနေ ၉ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီလောက်ကစပြီးတော့ ၆ နာရီလောက်ထိ တစ်ကြိမ် ရုံးဆင်းချိန်၊ ရုံးတက်ချိန်ပေါ့"ဟု YUPT ကုမ္ပဏီမှ ဦးကိုကိုနိုင်က မဇ္ဈိမကို ပြောသည်

ယနေ့ ဇူလိုင်၁၃ရက် မနက်ပိုင်းမှ စတင်ကာ ဘုန်းကြီးကျောင်းကွေ့၊ ၇၈လမ်းဆုံ၊ကုန်ပဒေသာ၊ မန္တလေးလမ်း၊ ကျောင်းလမ်း၊ စွမ်းအင်၊ ၃၅ ရပ်ကွက်၊ နာရီစင်၊ ဘေလီ၊ မြင်သာဈေး၊ တောင်ဥက္ကလာပဘုရား၊ မိုးကောင်းဘုရား၊ ၁၂လုံးတန်း၊ ဈေးကွေ့၊ အဝိုင်းထိပ် စသည့် ကားမှတ်တိုင်များတွင် YUPT ယာဉ်လိုင်းများရှိ ဝန်ထမ်းများက အကြွေလဲလှယ်ပေးနေသည်။

ယနေ့ ဇူလိုင်လ ၁၃ ရက် ညနေပိုင်းမှ စတင်ကာ ဆူးလေမှတ်တိုင်၊ ယောက်လမ်းမှတ်တိုင်၊ ဗဟန်း ၃ လမ်းမှတ်တိုင်၊ ရွှေဂုံတိုင်မှတ်တိုင်၊ တာမွေမှတ်တိုင်များ၌ အခမဲ့ ငွေအကြွေများ လဲလှယ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း YUPTကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးကိုကိုနိုင်က ပြောသည်။

တစ်မှတ်တိုင်တွင် ဝန်ထမ်းတစ်ယောက်နူန်းချထားပေးပြီး ငွေအကြွေ ၅သောင်းစီ လဲလှယ်နိုင်မည်ဖြစ်ပြီး အဆိုပါကုမ္ပဏီမှာ ယခင် မထသမှ ပိုင်ဆိုင်ခြင်းဖြစ်သည်။

ဝန်ထမ်းများကို တစ်နေ့ ၆ထောင်နူန်းထားဖြင့် YUPTကုမ္ပဏီမှ၎င်းတို့ယာဉ်နောက်လိုက်များအလုပ်ကိုင်ရရှိစေရေးအတွက် ငွေရေတွက်သည့်နေရာများ၊ အကြွေလဲလှယ်ပေးသည့်နေရာများအတွက် ယခုလ ပထမပတ်အတွင်းတွင် ပြန်လည် အလုပ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required