ပခုက္ကူတွင်​ ​ရေ​ဘေးကယ်​ဆယ်​​ရေးအတွက်​ ကြိုတင်​ပြင်​ဆင်​လျှက်​ရှိ

ပခုက္ကူတွင်​ ​ရေ​ဘေးကယ်​ဆယ်​​ရေးအတွက်​ ကြိုတင်​ပြင်​ဆင်​လျှက်​ရှိ

ပခုက္ကူ၊ဇူလိုင် ၁၃ ။            ။ ပခုက္ကူမြို့နယ်အတွင်း မြစ်ကမ်းနှင့်နီးစပ်သည့် ကျေးရွာအချို့မှ ဧရာဝတီမြစ်ရေတက်လာသည့်အခါ ပြောင်းရွှေ့နေထိုင်ရေးအတွက် ပခုက္ကူမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့မှ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ရန် စတင်ဆောင်ရွက်နေသည်လျက်ရှိကြောင်း သိရသည်။

"သဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့အနေနဲ့ ပခုက္ကူမြို့နယ်မှာ သဘာဝဘေးကြောင့် အန္တရာယ်ဖြစ်လာတဲ့အချိန်မှာ ရေဘေးရှောင်ပြည်သူများအတွက် လူဦးရေ ၃၀၀ဆန့် မိုးကာတဲဆောက်လုပ်ထားပါတယ်။ အဲ့ဒီတဲမှာ ကျန်မာရေးအတွက် ကျန်းမာရေးဆေးခန်းတွေပါဝင်မှာ ဖြစ်ပါတယ်"ဟု ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင် က မဇ္ဈိမ သို့ပြောသည်။

ရေဘေးအန္တရယ်ကြောင့် လူ၊တိရိစ္ဆာန်နှင့် ပစ္စည်းဥစ္စာများ ရှုံးမှုထိခိုက်မှု မဖြစ်စေရန် စနစ်တကျကြိုတင်ပြင်ဆင်ထားကြောင်းသိရသည်။

"ရေဘေးကြောင့် လူ၊ တိရိစ္ဆာန်အသက်ဆုံးရှုံးတာတွေ ပစ္စည်းဥစ္စာများထိခိုက်မှုလျော့နည်းအောင် ရေဘေးအတွက်လည်း ကမ့်တွေကို စနစ်တကျ တည်ဆောက်ထားသလို ကမ့်တွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ ဌာနဆိုင်ရာ အသီးသီး ချိတ်ဆက်ဆောင်ရွက်မှုတွေ၊လူမှုအဖွဲ့အစည်းတွေ INGO၊ NGO တွေနဲ့ချိတ်ဆက်ဆောင်ရွက်လျှက်ရှိပါတယ်"ဟု ပခုက္ကူခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှူး ဦးနေဝင်းက ဆိုသည်။

ဧရာဝတီမြစ်ရေအနေဖြင့် ပခုက္ကူမြို့နယ်အတွင်း ဇူလိုင်လ ၁၂ရက်နေ့ နံနက်တိုင်းတာချက်အရ ၂၁၂၂စင်တီမီတာရှိနေပြီး စိုးရိမ်ရေအမှတ်အောက် ၁ပေတွင် တည်ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required