EXO အဖွဲ့ဝင် Kai ၏ ဒရာမာဇာတ်လမ်းတွဲအသစ် Andante ကို ဆောင်းဦးရာသီတွင် ထုတ်လွှင့်ပြသမည်

EXO အဖွဲ့ဝင် Kai ၏ ဒရာမာဇာတ်လမ်းတွဲအသစ် Andante ကို ဆောင်းဦးရာသီတွင် ထုတ်လွှင့်ပြသမည်

EXO အဖွဲ့ဝင် Kai ပါဝင်သရုပ်ဆောင်ထားသော ဒရာမာဇာတ်လမ်းတွဲအသစ် Andante ကို လာမည့် ဆောင်းဦး ရာသီတွင် ထုတ်လွှင့်ပြသွားရန် စီစဉ်ထားသည်။

Andante ဟု အမည်ပေးထားသော အဆိုပါဇာတ်လမ်းတွဲတွင် အခြားသရုပ်ဆောင်ကြယ်ပွင့်များ ဖြစ်ကြသော ဘိတ်ခ်ချယ်မင်း၊ ကင်မ်ဂျင်ကျန်း၊ ဆန်ဗြောင်ဆွတ်ခ်၊ ဂျန်မင်ဆန်း နှင့် ကင်မ်ကွမ်ဆစ်ခ်တို့လည်း ပါဝင်ထားပြီး လာမည့် အောက်တိုဘာလတွင် ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်။

ထိုဇာတ်လမ်းတွဲတွင် Kai သည် ကျေးလက်ဒေသတွင်ရှိသော အထက်တန်းကျောင်းသို့ ပြောင်းရွှေ့လာသည့် ကျောင်းသားလေး တစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။ ထိုကျောင်းတွင် Kai သည် သူနှင့်မရင်းနှီးသော အတွေ့အကြုံများစွာကို ကြုံတွေ့ခဲ့ရပြီး ဘဝကိုမည်ကဲ့သို့ မှန်ကန်စွာဖြတ်သန်းရပုံနှင့် အချစ်၏အဓိပ္ပါယ်ကို တဖြည်းဖြည်း သင်ယူလာပုံအား မြင်တွေ့ရမည်ဖြစ်သည်။

Andante ဇာတ်လမ်းတွဲကို KBS 1TV ရုပ်သံလိုင်းမှ လာမည့်အောက်တိုဘာလတွင် စတင်ထုတ်လွှင့်သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required