စစ်မှုထမ်းရန် စာရင်းပေးသွင်းမည့် ရက်စွဲအား ကြေညာခဲ့သည့် ဂျီချန်ဝတ်ခ်

စစ်မှုထမ်းရန် စာရင်းပေးသွင်းမည့် ရက်စွဲအား ကြေညာခဲ့သည့် ဂျီချန်ဝတ်ခ်

တောင်ကိုရီးယားမင်းသား ဂျီချန်ဝတ်ခ်သည် စစ်မှုထမ်းရန်စာရင်းပေးသွင်းမည့် ရက်စွဲအတိအကျကို မကြာသေး ခင်ကမှ ကြေညာခဲ့သည်။

ဇူလိုင် ၁၂ရက်နေ့တွင် မင်းသား၏အေဂျင်စီဖြစ်သော Glorious Entertainment က သူသည် လာမည့်လတွင် တက်ကြွသော စစ်သားတစ်ဦးအဖြစ် စတင်စာရင်းပေးသွင်းတော့မည်ဖြစ်ကြောင်း   ကြေညာခဲ့သည်။ ကြေညာ ချက်ထဲ၌ “ ဂျီချန်ဝတ်ခ်ဟာ ဂန်ဝန်ခရိုင်အတွင်းရှိ ချီယိုဝန်ကောင်တီက သင်တန်းစင်တာမှာ သြဂုတ်လ ၁၄ရက် နေ့ကျရင် စာရင်းပေးသွင်းမှာပါ။ အခြေခံစစ်သင်တန်းကာလ ပြီးဆုံးတာနဲ့ သူဟာ အထက်ကပေးတဲ့ တာဝန် အတိုင်း ကြိုးစားလုပ်ကိုင်ပြီး သူ့ရဲ့စစ်မှုထမ်းကာလကို ဖြတ်သန်းသွားမှာဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။

လက်ရှိတွင် ဂျီချန်ဝတ်ခ်သည် ဇူလိုင် ၁၃ရက်နေ့တွင် ပြီးဆုံးမည့် ဒရာမာရုပ်သံဇာတ်လမ်းတွဲ Suspicious Partner ထဲတွင် သရုပ်ဆောင်လျက်ရှိသည်။ ထို့နောက် လာမည့်ဇွန်လ ၂၂ရက်နေ့တွင် သူ၏ပရိသတ်များကို နှုတ်ဆက်သည့်အနေဖြင့် ဖျော်ဖြေပွဲတစ်ခု ပြုလုပ်သွားရန်စီစဉ်ထားသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required