ကော်စတာရီကာ၌ ကျင်းပခဲ့သော ဖျော်ဖြေပွဲတွင် တိုက်ခိုက်ရန်ခြိမ်းခြောက်ခံခဲ့ရသည့် အာရီရာနာဂရန်ဒီ

ကော်စတာရီကာ၌ ကျင်းပခဲ့သော ဖျော်ဖြေပွဲတွင် တိုက်ခိုက်ရန်ခြိမ်းခြောက်ခံခဲ့ရသည့် အာရီရာနာဂရန်ဒီ

ကော်စတာရီကာ၌ ကျင်းပခဲ့သော အဆိုတော်အာရီရာဂရန်ဒီ၏ ဖျော်ဖြေပွဲကို တိုက်ခိုက်ရန်ခြိမ်းခြောက်ခဲ့သည် ဟု သံသယရှိရသော အသက် ၂၂အရွယ် ကိုလံဘီယာအမျိုးသားတစ်ဦးကို မကြာသေးခင်က ဖမ်းဆီးခဲ့သည်။

ကိုင်စီဒိုလိုပက်ဇ်ဟု အမည်ရသောအမျိုးသားကို တနင်္ဂနွေနေ့အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး အယ်လာဂျူလာမြို့တွင် ကျင်းပသည့် ဖျော်ဖြေပွဲကို အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့သည်။

ထိုအမျိုးသားသည် အွန်လိုင်းပေါ်တွင် အာရပ်ဘာသာစကားဖြင့် စာရေးသား၍ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

မန်ချက်စတာဖြစ်ရပ်ဆိုးပြီးနောက်တွင် ဂရန်ဒီ၏ဖျော်ဖြေပွဲများ၌ လုံခြုံရေးများ အမြဲတမ်းတင်းကြပ်ခဲ့ပြီး ပရိသတ်များသည် ပြီးခဲ့သော တနင်္ဂနွေနေ့ကကျင်းပခဲ့သည့် ဖျော်ဖြေပွဲကိုကြည့်ရှုရန် လုံခြုံရေးအတားအဆီး သုံးခုကို ကျော်ဖြတ်ခဲ့ရသည်။

အသက် ၂၄နှစ်အရွယ်ရှိ အဆိုတော်ဂရန်ဒီက ထိုဖျော်ဖြေပွဲနှင့်ပက်သက်သော ဓာတ်ပုံများကို သူမ၏အင်စတာ ဂရမ်သို့ တင်ခဲ့သော်လည်း ခြိမ်းခြောက်မှုနှင့် ပက်သက်၍ ပြောဆိုဖော်ပြခဲ့ခြင်းမရှိကြောင်း သိရသည်။

သူမသည် လာမည့် ၈ရက်အတွင်း မက္ကစီကို၌ လေးပွဲတိတိဖျော်ဖြေရန် စီစဉ်ထားပြီး ထို့နောက် သြဂုတ်လတွင် ဂျပန်နိုင်ငံသို့ သွားရောက်ဖျော်ဖြေမည်ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required