ဒန်နီရယ်အဲလ်ဗက်နဲ့ PSG အသင်းတို့ နှုတ်အားဖြင့် သဘောတူညီမှုရ

ဒန်နီရယ်အဲလ်ဗက်နဲ့ PSG အသင်းတို့ နှုတ်အားဖြင့် သဘောတူညီမှုရ
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးသား ညာနောက်ခံလူ ဒန်နီရယ်အဲလ်ဗက်ဟာ PSG အသင်းနဲ့ ပူးပေါင်းမှာမို့ ဆေးစစ်ခံယူဖို့ ပဲရစ်မြို့ကို ရောက်ရှိခဲ့တယ်လို့ ပြင်သစ်မီဒီယာက အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဘာစီလိုနာကစာသမားဟောင်းဟာ PSG အသင်းနဲ့ စာချုပ်,ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပြင်သစ်ကလပ်ရဲ့ တာဝန်ရှိသူများနဲ့ တွေ့ဆုံဖို့ ပဲရစ်ကို အင်္ဂါနေ့က ရောက်ရှိခဲ့ပါတယ်။

အဲလ်ဗက်ဟာ ဂျူဗင်တပ်စ်အသင်းမှာ တစ်ရာသီ ကစားခဲ့ရာ အသင်းနဲ့အတူ စီးရီးအေး အမှတ်ပေးချန်ပီယံနှင့် အီတလျံဖလားတို့ ဆွတ်ခူးခဲ့ပြီး ဂျူဗင်တပ်စ်အဟာ ကာဒ်ဖ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပေမယ့် ရီးယဲလ်ကို ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အဲလ်ဗက်ဟာ ဇွန် ၂၉ ရက်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ သူ့ရဲ့ စာချုပ် ကုန်ဆုံးခဲ့ပါတယ်။

ဆီဗီလာကစားသမားဟောင်းလည်းဖြစ်သူ အဲလ်ဗက်ဟာ အသင်းဖော်ဖြစ်သူ အာဂျင်တီးနားကစားသမား ဒီဘာလာကို တိုးတက်ရာလမ်းကြောင်းအတွက် ဘာစီလိုနာအသင်းကို ပြောင်းသင့်တယ်လို့ အကြံပေးခဲ့တဲ့နောက်ပိုင်းမှာ ဂျူဗင်တပ်စ်ပရိသတ်တွေနဲ့ အငြင်းဖွယ်စာရာတွေ ဖြစ်လာပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required