ဘုန်းကညာနှစ်ပါး ရုပ်ရှင်ဇာတ်ကားကြီး ဇူလိုင် ၂၁ရက်တွင် ရုံတင်ပြသမည်

ဘုန်းကညာနှစ်ပါး ရုပ်ရှင်ဇာတ်ကားကြီး ဇူလိုင် ၂၁ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၊ ဇူလိုင် ၁၁။            ။ လပ်ကီးဆဲဗင်း ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားသည့် ဘုန်းကညာနှစ်ပါး ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင် ၂၁ရက်မှ စတင်ပြီး ရုပ်ရှင်ရုံကြီးများတွင် ပြသတော့မည် ဖြစ်သည်။

"ဘုန်းကညာနှစ်ပါး" ရုပ်ရှင် ဇာတ်ကားကြီး အထူးပွဲ ပြသခြင်းကို ဇူလိုင်လ (၉) ရက်တွင် သမ္မတ ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ထုတ်လုပ်သူ ၊ ဒါရိုက်တာ ၊ သရုပ်ဆောင် နှင့် စာနယ်ဇင်း မီဒီယာများမှ တက်ရောက် ခဲ့ကြသည်။

ထိုရုပ်ရှင်ဇာတ်ကားကြီးတွင် ဇာတ်လမ်း ဇော်မင်း(မ/ဒဂုံ) ၊ ဇာတ်လမ်းမွမ်းမံ ညာလက်တော် ၊ ဇာတ်ညွှန်း ရာဇဝင်ကို ၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) မှ ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် မြင့်မြတ် ၊ ဖွေးဖွေး ၊ ခင်ဇာခြည်ကျော် ၊ ခင်လှိုင် ၊ ကိုပေါက် ၊ တက္ကသိုလ်ဂွမ်းပုံ နှင့် တခြား သရုပ်ဆောင်များစွာမှ ပါဝင်သရုပ်ဆောင်ထားကြသည်။

ဘုန်းကညာနှစ်ပါး ရုပ်ရှင်ဇာတ်ကားကြီးသည် မြင့်မြတ် နှင့် ဖွေးဖွေး တို့၏ ပထမဆုံး တွဲပြီး သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို  ထူးခြားသည့် အိုက်တင်အားပြိုင်မှု များကို မြင်တွေ့ရမည်ဖြစ်သည်။

ထိုဇာတ်ကားသည် မတူကွဲပြားသည့် ဖို မ အကြား တချို့တယူသန်တွေ၏ အတွေးခေါင်မှုတွေကြောင့် ယောကျာၤး က မြတ်တယ် ၊ မိန်းမက မမြတ်ဘူး နှင့် ဖြစ်ပေါ်လာသည့် အရာများကို ရိုက်ကူးထားခြင်း ဖြစ်သည်။

ဇာတ်ကားတွင် ပါရှိသည့် ဇာတ်လမ်းဇာတ်ကွက်များကြောင့် ဇာတ်ကားနမူနာ (Official Trailer) တင်သည့်အခါတွင် ပရိသတ် စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး (၃)ရက်အတွင်း ကြည့်ရူသူပေါင်း (၄)သန်းကျော် စံချိန်တင် ကြည့်ရူခဲ့သည့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။

သရုပ်ဆောင် မြင့်မြတ် နှင့် ဖွေးဖွေးတို့၏ ထူးခြားသည့် အိုက်တင်များကို ကြည့်ရှုရတော့မည့် ဘုန်းကညာ နှစ်ပါး ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင် ၂၁ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးများတွင် ကြည့်ရှု ရတော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required