YouTube တွင် လူကြည့်အများဆုံးဖြစ်သည့် Gangnam Style ၏ စံချိန်ကိုချိုးဖျက်ခဲ့သည့် See You Again

YouTube တွင် လူကြည့်အများဆုံးဖြစ်သည့် Gangnam Style ၏ စံချိန်ကိုချိုးဖျက်ခဲ့သည့် See You Again

တောင်ကိုရီးယားအဆိုတော် Psy ၏ ပေါက်သီချင်းဖြစ်သော Gangnam Style သည် လွန်ခဲ့သောငါးနှစ်အတွင်း YouTube ဝက်ဘ်ဆိုက်တွင် လူကြည့်အများဆုံး သီချင်းဗွီဒီယိုတစ်ခုအဖြစ် စံချိန်တင်ထားခဲ့သော်လည်း ယခု အခါတွင် ထိုစံချိန်သည် ကျိုးပျက်သွားပြီဖြစ်သည်။

Gangnam Style သည် တစ်ချိန်တစ်ခါက အလွန်လူကြိုက်များခဲ့ပြီး YouTube ၌ ကြည့်ရှုမှုအကြိမ်ရေ သန်းနှစ်ထောင်ကျော်ခဲ့ကာ အတိအကျဆိုရလျှင် အကြိမ်ရေ ၂၁၄၇၄၈၃၆၄၇ ကြိမ်ခန့်ထိ ရှိခဲ့သည်။

သို့သော်လည်း ထိုသီချင်း၏စံချိန်ကို ယခုအခါတွင် အခြားသီချင်းဗွီဒီယိုတစ်ခုဖြစ်သည့် ဝတ်ဇ်ခါလီဖာနှင့် ချာလီပုသ်တို့ အတူတကွသီဆိုထားသော See You Again က ချိုးဖျက်သွားပြီဖြစ်သည်။  

ပရိသတ်များ၏ နှလုံးသည်းပွတ်ကို ညှို့ယူဖမ်းစားနိုင်ခဲ့သော See You Again သည် ယခုအခါတွင် ကြည့်ရှုမှု အကြိမ်ရေ ၂၈၉၅၃၇၃၇၀၉ ကြိမ်ခန့်အထိ ရှိခဲ့ပြီး လက်ရှိရေတွက်မှုအရ Gangnam Style ၏ အကြိမ်ရေ ၂၈၉၄၄၂၆၄၇၅ ကြိမ်ကို ကျော်ဖြတ်ကာ စံချိန်သစ်တစ်ရပ် တင်နိုင်ခဲ့ပြီဖြစ်သည်။

See You Again သီချင်းကို အက်ရှင်ဇာတ်ကား Furious 7 အတွက် ဇာတ်ဝင်တေးအဖြစ် ရေးသားခဲ့ခြင်းဖြစ်ပြီး ယာဉ်မတော်တဆဖြစ်မှုကြောင့် ကွယ်လွန်ခဲ့သည့်သရုပ်ဆောင် ပေါလ်ဝေါ်ကာအား ရည်စူးဂုဏ်ပြုသည့် သီချင်းအဖြစ် ပရိသတ်များက စတင်နားဆင်ရင်း လူကြိုက်များခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required