အိန္ဒိယက အမေရိကန်၊ ဂျပန်တို့နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်

အိန္ဒိယက အမေရိကန်၊ ဂျပန်တို့နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်

ဇူလိုင် ၁၁ ။                    ။ အမေရိကန်၊ ဂျပန်ရေတပ်တို့နဲ့ ပူးပေါင်းပြီး နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအပြင်ဘက် ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေလျက်ရှိကြောင်း အိန္ဒိယက ထုတ်ပြန်ပြောကြားပါတယ်။

လက်ရှိအချိန်မှာ ဒေသတွင်း တရုတ်ရဲ့ သြဇာပိုမိုလွှမ်းမိုးလာနေမှုကို တုန့်ပြန်နိုင်အောင်လို့ ယခုလိုအင်အားကြီး အမေရိကန်နဲ့ ဂျပန်တို့နဲ့ စစ်တပ်ချင်း ပိုမိုနီးနီးကပ်ကပ် ဆက်ဆံနေနိုင်အောင် အိန္ဒိယဘက်က ကြိုးပမ်းလာနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကာလက ဟိမဝန္တာဒေသက ဝေးလံခေါင်ပါးတဲ့ မဟာဗျူဟာအချက်အချာနေရာတစ်ခုမှာ အိန္ဒိယနဲ့ တရုတ်တပ်တွေ ထိပ်တိုက်တွေ့မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယခုလို စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

အိန္ဒိယအနေနဲ့ကတော့ ယင်းရဲ့ မြောက်ပိုင်းအိမ်နီးချင်း တရုတ်နဲ့ ကာလကြာ နယ်မြေအငြင်းပွားမှုတွေ ရှိနေခဲ့ပြီး အဆိုပါ ဒေသတွင်းမှာလည်း ယင်းရဲ့ ရေတပ်အင်အားကို ယခုနောက်ပိုင်း ပိုမိုတိုးချဲ့ဖြန့်ကျက်ထားလျက်ရှိပါတယ်။

အလားတူ ၁၉၉၂ ခုနှစ်နောက်ပိုင်း အိန္ဒိယနဲ့ အမေရိကန်တပ်တွေ ဘင်္ဂလားပင်လယ်အော်မှာ နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ထားခဲ့ပြီး ဂျပန် ရေတပ်ကတော့ ယင်းလေ့ကျင့်မှုမှာ   လေးကြိမ်မြောက်အဖြစ် ပူးပေါင်းပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဇူလိုင် ၁၇ ရက်ထိ ရှိနေမယ့် ယင်းစစ်ရေးလေ့ကျင့်မှုတွေအတွက် အမေရိကန်ကလည်း ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီးဖြစ်တဲ့ USS Nimitz နဲ့အတူ ပါဝင်လေ့ကျင့်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required