သားဖြစ်သူ၏မင်္ဂလာပွဲနှင့် ပက်သက်၍ ပြောဆိုခဲ့သည့် ဆောင်ဂျွန်ကီ၏ဖခင်

သားဖြစ်သူ၏မင်္ဂလာပွဲနှင့် ပက်သက်၍ ပြောဆိုခဲ့သည့် ဆောင်ဂျွန်ကီ၏ဖခင်

မင်းသားဆောင်ဂျွန်ကီ၏ ဖခင်သည် မင်းသမီးဆောင်းဟေကိုနှင့် လက်ထပ်တော့မည့် သားဖြစ်သူ၏ မင်္ဂလာပွဲနှင့် ပက်သက်၍ မေးမြန်းချက်များကို ဇူလိုင်လ ၁၁ရက်နေ့တွင် အင်တာဗျူးတစ်ခု၌ ဖြေကြားခဲ့သည်။

“ဆောင်ဂျွန်ကီဟာ အိမ်ထောင်ပြုဖို့သင့်တော်တဲ့ အရွယ်ကိုရောက်လာပါပြီ။ ဒါကြောင့် သူလက်ထပ်တော့မယ် ဆိုတဲ့အတွက် ကျနော်ဝမ်းသာပါတယ်။ မိဘအနေနဲ့ကတော့ ကျနော်တို့ဟာ သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ လူတွေက ကျနော်ဟာ အိမ်ထောင်ပြုမှာကို ကန့်ကွက်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဒါဟာနားလည်မှုလွဲတာပါ” ဟု မင်းသား၏ ဖခင်ဖြစ်သူက   ဖြေကြားခဲ့သည်။

ဒါ့အပြင်သူက သူတို့၏မြေးကလေးကို မကြာခင်မှာပဲ မြန်မြန်မြင်ချင်လှပြီဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

“အခုဆိုရင် ကျနော့်ရဲ့သားဟာ လက်ထပ်ပြီးတဲ့အခါမှာ တည်ငြိမ်တဲ့မိသားစုဘဝလေးကို ရရှိပါတော့မယ်။ ဒါကြောင့် သူဟာ သူ့ရဲ့အိမ်ထောင်အတွက်သာမက သရုပ်ဆောင်ဘဝအတွက်ပါ တာဝန်တွေ ပိုကြီးလာပါပြီ။ ကျနော့်ရဲ့သားဟာ အဲ့ဒီအရာတွေအားလုံးကို စွမ်းဆောင်နိုင်မယ်လို့ ကျနော်ထင်ပါတယ်” ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required