ပုသိမ်ကြီးမြို့နယ်၊ရေဝင်ကျေးရွာများမှ ကျောင်းသူ၊ကျောင်းသားများအတွက် အသက်ကယ်အကီင်္ျလိုအပ်

ပုသိမ်ကြီးမြို့နယ်၊ရေဝင်ကျေးရွာများမှ ကျောင်းသူ၊ကျောင်းသားများအတွက် အသက်ကယ်အကီင်္ျလိုအပ်
 ဝင်းခြံ၊ပုဂံတပ်၊ရဲထွဋ်ကျေးရွာတို့ရှိ စာသင်ကျောင်းများသို့ သွားရောက်နေသည့် ဆရာ၊ဆရာမများကို ဇူလိုင်လ ၁၁ ရက်၊နံနက် ၉ နာရီက မြင်တွေ့ရစဉ်။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ဇူလိုင် ၁၁ ။           ။ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရေဝင်ရောက်သည့်ကျေးရွာများရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားနေသည့်   ကျောင်းသူ၊ကျောင်းသားများကို အသက်ကယ်အကျီၤများ ထောက်ပံ့ပေးရန် လိုအပ်နေသည်ဟု ၎င်းရေဝင်ကျေးရွာများတွင် မန္တလေးမြို့မှ သွားရောက် သင်ကြားပေးနေကြသော ဆရာ၊ဆရာမများက ဆိုကြသည်။

ဆရာ၊ဆရာမများအား အသက်ကယ်အကီၤျများကို ပညာရေးဝန်ကြီးဌာနမှထောက်ပံ့ပေးထားသော်လည်း ကလေးငယ်များအတွက်မူ ကူညီထောက်ပံ့ပေးမရှိသေးခြင်းကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်မှုများလည်းရှိသည်ဟု ဆရာ၊ဆရာမများက ဆိုကြသည်။

"ကျွန်မတို့ ဆရာမတွေကိုတော့ ပညာရေးဌာနက တစ်ယောက် တစ်ထည် ပေးထားတယ်။ အဝေးက လာတက်တဲ့ကလေးတွေကို အသက်ကယ်အကျီၤီလေးတွေ တစ်ယောက်တစ်ထည် ပံ့ပိုးရင်ကောင်းတာပေါ့။ မြစ်ကူးချောင်းခြား ကလေးတွေ ရှိသေးတယ်။သူတို့အတွက်လိုအပ်တယ်"ဟု ရဲထွဋ်ကျေးရွာ အမှတ်(၉၉)အခြေခံပညာမူလတန်းကျာင်းမှ   ကျောင်းအုပ်ဆရာမကြီး   ဒေါ်ဝင်းဝင်းခိုင်က ပြောသည်။

ပုဂံတပ်ကျေးရွာမှ ရွာမိ၊ရွာဖ တစ်ဦးဖြစ်သူ ဦးကျော်တင့်က "ကျောင်းသူ၊ကျောင်းသားတွေ အသက်ကယ်အကျီၤ မပါဘဲ သွားလာနေကြတော့ စိုးရိမ်ရတယ်။ လေနဲ့မိုးက ပြောမရဘူးလေ။ ကူညီပေးနိုင်တဲ့သူတွေရှိရင် ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့လည်း ဒီအတိုင်းကြည့်နေရတယ်။ ဆရာ၊ဆရာမတွေရဲ့လုံခြုံရေးလည်း လုပ်ပေးစေချင်တယ်"ဟုပြောသည်။

ပုဂံတပ်ကျေးရွာ မူလတန်းလွန်ကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နွယ်လင်းက "သွားနေကြဖြစ်နေပြီဆိုတော့ အခက်အခဲတော့မရှိပါဘူး။ဒါပေမယ့် ကလေးတွေအတွက်တော့ စိုးရိမ်ရတယ်။ သူတို့ရေထဲမကျအောင်ပဲ ဂရုစိုက်နေရတယ်" ဟု ပြောသည်။

"အခက်အခဲရှိတာပေါ့။လှေနဲ့ဆိုလှေကလူးတယ်။ကြောက်ရတယ်။သွားတာလာတာလည်းဂရုစိုက်ရတယ်။အဓိကကတော့ ကလေးတွေ စာသင်ကျောင်းလာတဲ့အချိန်အန္တရာယ်ကင်းဖို့ပါပဲ။အဲဒီအတွက်တော့ အကူအညီလိုအပ်တယ် "ဟု ဝင်းခြံကျေးရွာအမှတ်(၄၀)အခြေခံပညာမူလတန်းကျောင်းမှဆရာမ ဒေါ်ယဉ်ယဉ်ထွေးက ပြောသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင် ကျေးရွာများဖြစ်သည့် ပုဂံတပ်၊ ဝင်းခြံ၊ သရက်တစ်ပင်၊ မင်းရဲလှ စသည်တို့တွင် အခြေခံပညာကျောင်းပေါင်း ၂၁ကျောင်းရှိပြီး ၎င်းကျောင်းများအားလုံး နီးပါး ရေဝင်ရောက်နေကြောင်း သိရသည်။

ကျောင်းသူတစ်ဦး၏မိဘဖြစ်သူ ဒေါ်မိုးက"ကျောင်းသွားဖို့လှေပေါ်သာ တင်ပေးလိုက်ရတယ် စိတ်မချဘူး။ဘာများဖြစ်မလဲဆိုတာ အမြဲပူနေရတယ်။"ဟုပြောသည်။

မန္တလေးမြို့မှရေဝင်ကျေးရွာများသို့သွားရောက်ပညာသင်ကြားပေးနေသည့်ဆရာ၊ဆရာမများကို သက်ဆိုင်ရာကျေးရွာများမှ အခမဲ့အကြိုအပို့လုပ်ပေးနေကြောင်းလည်းသိရသည်။

နှစ်စဉ်ရေဝင်ရောက်သည့် ဝါဆို၊ဝါခေါင်လများတွင် ယခုလိုကြုံတွေ့နေရမြဲဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကျောင်းသူ၊ကျောင်းသားများအတွက် အသက်ကယ်အကျီၤများ နှင့်လိုအပ်သည့် အကူအညီများပေးရန် မျှော်လင့်မိသည်ဟုလည်း ဒေသခံများနှင့်ဆရာ၊ဆရာမများက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required