စစ်အတွင်း လိင်ကျွန်ပြုခံရသည့် အမျိုးသမီးများ၏ ပထမဆုံးဗီဒီယို တောင်ကိုရီးယား ထုတ်ပြန်

စစ်အတွင်း လိင်ကျွန်ပြုခံရသည့် အမျိုးသမီးများ၏ ပထမဆုံးဗီဒီယို တောင်ကိုရီးယား ထုတ်ပြန်

ဆိုးလ်၊ ဇူလိုင် ၁၁ ။             ။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားများ၏ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် ကျေးကျွန် ပြုခံရသော အမျိုးသမီး၏ ပထမဆုံးဖြစ်နိုင်သော ဗီဒီယိုကို တောင်ကိုရီးယားနိုင်ငံက ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

၁၈ စက္ကန့်သာ ကြာသည့် အဖြူအမည်း အသံတိတ် အဆိုပါ ဗီဒီယိုဖိုင်တွင် ကိုရီးယားအမျိုးသမီး ခုနစ်ဦးက စစ်အတွင်း ဂျပန်၏ ကျုးကျော်မှုကို တိုက်ထုတ်ခဲ့ကြသော အမေရိကန်နှင့် တရုတ်စစ်သားတစ်ချို့ ရှေ့၌ ရပ်နေသည်ကို မြင်တွေ့ရသည်။

ထိုဗီဒီယို ပြချက်တိုတွင် တစ်ဦးသော အမျိုးသမီးက တရုတ်စစ်သားတစ်ဦးကို စကားပြောဆိုနေပြီး ကျန်သူများမှာ ကြောက်ရွံ့နေကြပုံရကာ ကင်မရာကို ကြည့်သူကြည့်၊ ခေါင်းစိုက်ကာ မြေပြင်ကို စိုက်ကြည့်သူ ကြည့်ဖြင့် မြင်တွေ့ရသည်။

ဗီဒီယိုကို အမေရိကန် အမျိုးသားမော်ကွန်းတိုက်တွင် ဆိုးလ်နေရှင်နယ်တက္ကသိုလ်လူ့အခွင့်အရေးစင်တာမှ သုတေသီများ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုမှာ ၁၉၄၄ ခုနှစ်အတွင်းက ရိုက်ကူးထားပုံရကာ တရုတ်တောင်ပိုင်း ယူနန်ပြည်နယ် ဆောင်ရှန်းရှိ ဂျပန်ဘုရင့်တပ်ဖွဲ့များအတွက် တည်ဆောက်ထားရှိသော   ဆောင်ကြာမြိုင်တစ်ခုရှေ့တွင်   ဖြစ်ပုံရသည်။

စစ်တွင်းက လိင်ကျေးကျွန်အမျိုးသမီးတစ်စု၏ ဓာတ်ပုံများ ၂၀၀၀ ခုနှစ်အတွင်း၌ ထုတ်ပြန်ခဲ့သည့် အမေရိကန် တပ်ကြပ်ကြီး အက်ဝက်ဒ်ဖေးကပဲ ယခု ဗီဒီယိုကို ရိုက်ယူခဲ့ခြင်း ဖြစ်နိုင်သည်ဟု သုတေသီများက ယူဆသည်။ ထိုဓာတ်ပုံများထဲက အမျိုးသမီးများနှင့် ဗီဒီယိုပါ အမျိုးသမီးများမှာ အတူတူပင်ဖြစ်ကြသည်။

ဆောင်ရှန်း ဆောင်ကြာမြိုင်အပြင်ဖက် လိင်ကျွန်အမျိုးသမီးများ၏ ဓာတ်ပုံများတွင် ကိုယ်ဝန်နှင့် အမျိုးသမီးမှာ ၎င်းဖြစ်ကြောင်းကို ၂၀၀၆ ခုနှစ်အတွင်း မကွယ်လွန်မီက အတည်ပြုသွားခဲ့သည့် ပတ်ယောင်ရှင်းအပါအဝင် တစ်ချို့အမျိုးသမီးများကိုလည်း မည်သူမည်ဝါဖြစ်ကြောင်း သိထားရပြီးဖြစ်သည်။

၁၉၃၀ ခုနှစ် နောက်ပိုင်းမှစကာ ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးသော ဒုတိယကမ္ဘာစစ်ကာလတစ်လျှောက် ဂျပန်စစ်သားများအတွက် အတင်းအဓမ္မ လိင်ကျွန်ပြုခံရသည့် အမျိုးသမီးပေါင်းမှာ အထူသဖြင့် တရုတ်နှင့် ကိုရီးယားကျွန်းဆွယ်တို့တွင် အများဆုံးဖြစ်ပြီး စုစုပေါင်း နှစ်သိန်းဝန်းကျင် ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required