စပိန်ဂီတပွဲတော်၌ ကျွမ်းဘားကစားသူတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ၀မ်းနည်းရကြောင်း Green Day အဖွဲ့ ပြောကြား

စပိန်ဂီတပွဲတော်၌ ကျွမ်းဘားကစားသူတစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ ၀မ်းနည်းရကြောင်း Green Day အဖွဲ့ ပြောကြား

အမေရိကန်ဂီတအဖွဲ့ Green Day က သူတို့ဖျော်ဖြေခဲ့သည့် စပိန်ဂီတပွဲတော်၌ ကောင်းကင်ကျွမ်းဘား ကစားသူတစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။

ပက်ဒရိုအန်နီယွန်မွန်ရွိုင်းဟု အမည်ရသော ကျွမ်းဘားကစားသမားတစ်ဦးသည် ပြီးခဲ့သော သောကြာနေ့ညက မက်ဒရစ်မြို့တွင်ကျင်းပခဲ့သော Mad Cool ဂီတပွဲတော်၌ စတန့်ပြကွက်တစ်ခု ပြသနေစဉ်အတွင်း ပြုတ်ကျခဲ့ သည်။

Alt-J အဖွဲ့ဖျော်ဖြေပြီးနောက် Green Day အဖွဲ့မဖျော်ဖြေမီ ပရိသတ်များကို အနားပေးချိန်တွင် သူသည် စတန့်ပြကွက်ဖြင့် ဖျော်ဖြေနေခဲ့ပြီး အမြင့်ပေ ၁၀၀ခန့်မှ ပြုတ်ကျခဲ့သည်။ ဆေးဘက်အကူများက သူသတိပြန်ရ လာအောင် မိနစ်သုံးဆယ်ခန့် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

ထိုဖြစ်ရပ်ပြီးနောက်တွင် Green Day အဖွဲ့သည် ပွဲတော်၌ဖျော်ဖြေရန် စင်ပေါ်သို့တက်ရောက်လာခဲ့ပြီး သူတို့ အဖွဲ့မှ နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် မတော်တဆဖြစ်ရပ်နှင့် ပက်သက်၍ ထိုအချိန် က ဘာမှမသိခဲ့ရကြောင်း ဖော်ပြခဲ့သည်။

“ကျနော်တို့ဟာ အကြင်နာမဲ့တဲ့သူတွေ မဟုတ်ပါဘူး။ လူအများအပြားက အဆိုပါမတော်တဆဖြစ်ရပ် ပြီးတဲ့ နောက်မှာ ကျနော်တို့ဘာလို့ ဆက်လက်ပြီး ဖျော်ဖြေနေလဲဆိုတာကို သိချင်နေခဲ့ကြပါတယ်။ ကျနော်တို့ဟာ ရှိုးပွဲပြီးသွားတဲ့အချိန်အထိ မတော်တဆဖြစ်ရပ်နှင့် ပတ်သက်လို့ ဘာမှမသိခဲ့ရပါဘူး” ဟု Green Day အဖွဲ့က သူတို့၏ ထုတ်ပြန်ချက်ထဲတွင် ပြောကြားခဲ့သည်။

“ဒါ့အပြင် ဒီပွဲမှာ ကောင်းကင်ကျွမ်းဘားကစားနည်းနဲ့ ပရိသတ်တွေကို ဖျော်ဖြေမယ်ဆိုတာလည်း မသိခဲ့ပါဘူး။ ပွဲတော်က တကယ့်ကိုအကြီးကြီးပါ။ ကျနော်တို့ မဖျော်ဖြေခင် ဘာဖြစ်ခဲ့သလဲဆိုတာကို တိတိကျကျပြောခဲ့ရင် ကျနော်တို့ ဆက်တီးဖြစ်မှာတောင် မဟုတ်ပါဘူး။ ကျနော်တို့အကြင်နာမဲ့တဲ့သူတွေ မဟုတ်ပါဘူး။ ပရိသတ်တွေ နဲ့ ဖျော်ဖြေပွဲလုံခြုံဖို့က ကျနော်တို့ရဲ့ ဦးစားပေးအရာပါ” ဟု ဆက်ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required