ယခုအပတ်အတွင်း စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မည့် Super Junior အဖွဲ့ဝင် အွန်ဟော့ခ်နှင့် ဒေါင်ဟေး

ယခုအပတ်အတွင်း စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မည့် Super Junior အဖွဲ့ဝင် အွန်ဟော့ခ်နှင့် ဒေါင်ဟေး

တောင်ကိုရီးယားနာမည်ကျော်ဂီတအဖွဲ့ Super Junior မှ အဖွဲ့ဝင်များဖြစ်ကြသော အွန်ဟော့ခ်နှင့် ဒေါင်ဟေး တို့သည် ယခုအပတ်အတွင်း စစ်မှုထမ်းခြင်းတာဝန်မှ ပြီးဆုံးတော့မည်ဖြစ်သည်။

အွန်ဟော့ခ်သည် လွန်ခဲ့သော ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့က စစ်မှုထမ်းရန် စာရင်းပေးသွင်းခဲ့ပြီး စစ်သင်တန်းတက်ရောက်ပြီးနောက်တွင် ဘင်ခရာတပ်ထဲ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒါ့အပြင်သူသည် ဧပြီလတွင် ဘင်ခရာတပ်ထဲမှ ဝါရင့်စစ်သားများကို ထောက်ပံ့ရန်အတွက် ဒေါ်လာ ၂၆၀၀၀ခန့်ရှိသော ငွေပမာဏကို လှူဒါန်းခဲ့ဖူးသည်။  သူသည် လာမည့်ဇူလိုင်လ ၁၂ရက်နေ့တွင် စစ်မှုထမ်းတာဝန်ပြီးဆုံးမည် ဖြစ်သည်။

ဒေါင်ဟေးသည် လွန်ခဲ့သော ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့က စစ်မှုထမ်းရန် စာရင်းပေးသွင်းခဲ့ပြီး အွန်ဟော့ခ်ပြီးနောက် နှစ်ရက်အကြာ ဇူလိုင်လ ၁၄ရက်နေ့တွင် တာဝန်ပြီးဆုံးမည်ဖြစ်သည်။ သူသည် စစ်သင်တန်း တက်ရောက်ပြီးနောက်တွင် ဆိုးလ်ရဲတပ်ဖွဲ့၏ လူမှုဆက်ဆံရေးဌာနတွင် ရဲအရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဒါ့အပြင် ဒေါင်ဟေးနှင့်အတူ ဌာနတစ်ခုတည်း၌ တာဝန်ထမ်းဆောင်နေသော အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သူ ချွိုင်းစီဝမ်သည်လည်း လာမည့်သြဂုတ်လလယ်လောက်တွင် တာဝန်မှပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required