သံပရာပင်စိုက်ပျိုးခြင်း အပိုင်း (၃)

10 July 2017
သံပရာပင်စိုက်ပျိုးခြင်း အပိုင်း (၃)

ကိုင်းကူးကိုင်းဆက်ထားတဲ့ သံပရာကိုင်းတွေကတော့ ကိုင်းကူးပြီး ၂၈ရက် အကြာမှာတော့ ကိုင်းဖြတ်ပြီးစိုက်ပျိုး နှိင်မှာပဲဖြစ်ပါတယ်။

မြေကျင်းမှာ စတင်စိုက်ပျိုးတဲ့ အခါမှာတော့ စိုက်ကျင်းတွေကို အနက် ၁ပေခွဲ နဲ့ အကျယ်၂ ပေပတ်လည် ကျင်းတွေ တူးမြေကျင်ထဲကို သစ်ရွက်မြက်ခြောက် စတာတွေထည့်ပြီး မီးရှို့ပေးရပါမယ်၊ မီးရှို့ပေးပြီး ၁ပတ် အကြာမှာတော့ ဓာတ်မြေသြဇာထည့်ပြီး မြေကြီးနဲ့ ရောသမမွှေပြီး စိုက်ကျင်းထဲမှာ ၁ ပတ်ခန့် နပ်ထားပြီးမှ အပင်ကို စိုက်ပျိုးပေးရမှာဖြစ်ပါတယ်။

စိုက်ပျိုးတဲ့ အခါမှာလဲ မြေကို သိပ်နေအောင် မဖိရပါဘူး မြေကို သိပ်နေအောင်ဖိမယ်ဆိုရင်တော့ အမြစ်တွေပြတ်တက်တာကြောင့်လဲ ဖြစ်ပါတယ်။ ပြီးရင်တော့ အပင်ရဲ့ ဘေးကနေ တိုင်ထောင်ပြီး အပင်ကို မလှုပ်စေဖို့ ကြိုးနဲ့ ချည်ထားပေးရမှာ ဖြစ်ပါတယ်။ စိုက်ကျင်းတစ်ကျင်းနဲ့ တစ်ကျင်း ကိုတော့ ၈ပေခန့်ခွာပေး ပြီး တြိဂံပုံစနစ်နဲ့ စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။

နွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ ရေလောင်းပေးရမှာ ဖြစ်ပါတယ်ခင်ဗျာ။ စိုက်ပျိုးပြီး ၃နှစ်မြောက်မှသာ အသီးယူရမှာ ဖြစ်ပါတယ်။

အပိုင်း(၁)အား ကြည့်ရန်-http://www.mizzimaburmese.com/article/28876

အပိုင်း(၂)အားကြည့်ရန်-http://www.mizzimaburmese.com/article/29005

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly